ဆီဆိုင်အတွင်းဆီဖြည့်ပီးထွက်လာသော၂၂ဘီးယာဉ်မှ ပုံမှန်ယာဉ်ကြောအတိုင်းမောင်းနှင်လာသောဆိုင်ကယ်အားဝင်တိုက်ရာ သေဆုံး

559

ဆီဆိုင်အတွင်းဆီဖြည့်ပီးထွက်လာသော၂၂ဘီးယာဉ်မှ ပုံမှန်ယာဉ်ကြောအတိုင်းမောင်းနှင်လာသောဆိုင်ကယ်အားဝင်တိုက်ရာ သေဆုံး

သြဂုတ်(၁၈) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့ ၊ တော်ဝိကျေးရွာ သဇင်ဖြိုးဆီဆိုင်အနီး ရန်ကုန် မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၁၀၃/၂ နှင့် ၁၀၃/၃) ကြားတွင် ဩဂုတ်၁၈ရက်ညနေပိုင်းကယာဉ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

အခင်းဖြစ်ရပ်သို့ညောင်လေးပင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များကသက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စောမန်းရေကော်မောင်း နှင်ပြီးနောက်တွင် ဒေါ်နော်ရိုးဒန်လိုက်ပါလာသည့် Wave110 ဆိုင်ကယ်သည် ပုံမှန်ယာဉ်ကြောအတိုင်းမောင်းနှင်လာစဉ်‌ ဇော်မြတ်ကျော် (၄၂)နှစ်ယာဉ်မောင်းဆားတောင်ကျေးရွာ၊ မင်းလမ်းအုပ်စု၊ ပျော်ဘွယ်မြို့နေသူမောင်းနှင်ပြီး ချစ်သဲဦး(၂၄)နှစ်ယာဉ်နောက်လိုက်ဆားတောင်ကျေးရွာ၊ မင်းလမ်းအုပ်စု၊ ပျော်ဘွယ်မြို့နေသူလိုက်ပါလာသော ယာဉ်အမှတ် MDY/—— Nissan Diesel အမျိုးအစား အဖြူရောင် (၂၂)ဘီး ယာဉ်သည် သဇင်ဖြိုးဆီဆိုင် အတွင်းမှ ဆီဖြည့်ပြီးရုတ်တရက်ထွက်လာစဉ် အရှိန်မထိန်းနိုင်ဘဲဝင်ရောက်တိုက်မိခဲ့ရာ ဇော်မြတ်ကျော် နှင့် ချစ်သဲဦး တို့တွင်ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း စောမန်းရေကော်(၄၀)နှစ် ဘုံးလဲဇာကျေးရွာ၊ဖဒိုမြို့နေသူတွင် ရင်ညွန့်ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ အောက်နှုတ်ခမ်းသွေးထွက်ပေါက်ပြဲဒဏ်ရာများရရှိကာအခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီးဒေါ်နော်ရိုးဒန်(၄၃)နှစ် ဘုံးလဲဇာကျေးရွာ၊ဖဒိုမြို့နေသူတွင် ဝဲဘက်ပါးရိုးပွန်းပဲ့၊ ဝဲဒူးခေါင်းပွန်းပဲ့၊ ယာခြေသလုံးပေါက်ပြဲ၊ ပြင်ပလူနာ(မစိုးရိမ်ရ)ဒဏ်ရာများရရှိကာ ညောင်လေးပင်မြို့ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ထားရှိကြောင်းသိရသည်။

သို့ဖြစ်ပါ၍ ယာဉ်မောင်းနှင်သူ ဇော်မြတ်ကျော်အား ညောင်လေးပင်မြို့မရဲစခန်းမှယာဉ် (ပ) ၃၈/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိ‌ကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here