လွတ်ငြိမ်းချမ်းသာဖြင့်လွတ်လာသူတစ်ဦးထံမှမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

633

လွတ်ငြိမ်းချမ်းသာဖြင့်လွတ်လာသူတစ်ဦးထံမှမူးယစ်ဆေးဝါးများဖမ်းဆီးရမိ

သြဂုတ်(၁၈) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်ပိန်းဇလုပ်မြို့၊ မြို့မ(၂)ရပ်ကွက်၊ စာတိုက်လမ်းတွင် ဩဂုတ်၁ရရက်ညနေပိုင်းအချိန်ကမူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချ နေကြောင်းသတင်းအရ အမှတ်(၃၆)မူးယစ်တပ်ဖွဲ့စု(ပဲခူး)ပိန်းဇလုပ်နယ်‌မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် နှင့်အဖွဲ့သည် သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် ပိန်းဇလုပ်မြို့၊ ဘူတာလမ်းဘက်မှ စာတိုက်လမ်းဘက်သို့ အောင်ဆန်းလင်း၊ ၁၉နှစ်၊ ဆေးရိုးခင်ကျေး ရွာ၊ တောင်ပိုင်း၊ ကျောက်တံခါးမြို့နယ် နေသူ မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ အောင်ဆန်းလင်းမှာ ဆိုင်ကယ်အားထားခဲ့ပြီး ဈေးအတွင်းဝင်ပြေး သွားသဖြင့် လိုက်လံဖမ်းဆီးစစ်ဆေးရာ အောင်ဆန်းလင်းဝတ်ဆင် ထားသည့် ပုဆိုးခါးပုံစအတွင်းမှ အပြာ ရောင်ပလပ်စတစ်ကပ်ခွာအိတ်အတွင်းထည့်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ပြား(၆၈)ပြားအား ရှာဖွေတွေ့ရှိရသဖြင့် ဒုရဲအုပ် တင်ကိုကိုလတ်မှ သက်သေများရှေ့တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ အောင်ဆန်းလင်းအား စစ်ဆေးမေးမြန်းရာ ၎င်းသည် ၂၀၁၉ခုနှစ်တွင် လွိုင်ကော်အကျဉ်းထောင်၌ မူးယစ်မှုဖြင့်ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၂ဝပြည့်နှစ်၊ ဧပြီလတွင် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာသူ(၁)ဦး ဖြစ်ကြောင်း၊ အဆိုပါဆေးပြားများအားရန်ကုန်-နေပြည်တော်အမြန်လမ်းမိုင်တိုင်အမှတ်၉၉/ဝအနီး အမည်မသိ အမျိုးသား(၁)ဦးထံမှ ဝယ်ယူလာကြောင်းရဲမှတ်တမ်းအရသိရသည်။

သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ အောင်ဆန်းလင်းအား ပိန်းဇလုပ်နယ်မြေရဲစခန်းမှ မယ(ပ)၁/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်အ ရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here