ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟုပြောဆို၍ ငွေကျပ် ၁၁၅ သိန်း ၆သောင်းကျပ် ယူသွားသူအား အမှုဖွင့်

573

ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတွင် အလုပ်ရမည်ဟုပြောဆို၍ ငွေကျပ် ၁၁၅ သိန်း ၆သောင်းကျပ် ယူသွားသူအား အမှုဖွင့်

သြဂုတ်(၁၈) AlinnMyay(အလင်းမြေ)

ထိုင်းနိုင်ငံတွင် အလုပ်လုပ်လိုသူများအား အထည်ချုပ် စက်ရုံတွင် အလုပ်လုပ်ရမည်ဟုပြောဆို၍ တစ်ဦးလျှင် ၁၁ သိန်း ၅ သောင်းကျပ် ပေးဆောင်ရန်ပြောဆိုပြီး ယနေ့အချိန်အထိ အလုပ်မရသောကြောင့် တိုင်းတန်းမှုတစ်ခု တောင်ငူခရိုင် ဖြူးမြို့နယ်တွင်ဖြစ်သွားခဲ့ကြောင်းသိရသည်။

ဖြူးမြို့နယ် ၊ ညောင်ကားယားကျေးရွာအုပ်စု ၊ ကညင်မြောင်ကျေးရွာနေ ကို——-( ၃၀ )နှစ်ဆိုသူမှ မုန်းမြို့ ၊ ရေအိုးစင်ကျေးရွာသို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်လိုပါက အထည်ချုပ်စက်ရုံတွင် လုပ်ရမည်ဖြစ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၁ သိန်း နှင့် ၅ သောင်း ပေးဆောင်ရမည်ဖြစ်ကြောင်း တိုင်ကြားစာအရသိရသည် ။

ယင်းကဲ့သို့ ၂၀၁၉ စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြောဆိုလာသောကြောင့် ကိုဟန်စိုးပါ ( ၁၆ )ဦးမှ အလုပ်အကိုင် ရလို၍ ငွေကျပ် ၁၁၅ သိန်း ၆သောင်းအား စက်တင်ဘာ ၁၂ ရက်နေ့တွင် ကို—— အား ပေးအပ်ခဲ့ကြကြောင်းတိုင်းကြားစာအရသိရသည်။

ငွေကြေးပေးသွင်းထားရပြီး ယနေ့အချိန်အထိ အလုပ်သွားရောက် လုပ်ကိုင်ရခြင်းမရှိရသလို စာချုပ်စာတန်း ချုပ်ဆိုထားခြင်းလည်း မရှိသည့်အတွက် ငွေများအား လိမ်လည်ရယူခဲ့သည်ဟုဆိုကာ ဒီကနေ့ ရက်စွဲဖြင့် ဖြူးမြို့မရဲစခန်းတွင် ( ပ ) ၃၁၂/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့်အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here