ကျေးသီးမြို့နယ်အတွင်း ငွေကျပ် ၁၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များသိမ်းဆည်းရမိ

582

ကျေးသီးမြို့နယ်အတွင်း ငွေကျပ် ၁၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များသိမ်းဆည်းရမိ

သြဂုတ်(၁၆) AlinnMyay(အလင်းမြေ)

(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သင်းဖော်ပြချက်အပြည့်အစုံ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက် ရှိသော တပ်ဖွဲ့ဝင်များသည် မိုင်းနောင်မြို့အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းနောင်မြို့ဘက်မှ မိုင်းစံမြို့ဘက်သို့ မောင်းနှင်လာသည့် တိုယိုတာဟိုင်းလတ် အမျိုး အစားမော်တော်ယာဉ်အမှတ်၊ MDY-3H/—- အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ ယာဉ်အား ရပ်တန့်၍ ကားလမ်း၏မြောက်ဘက်လျှိုအတွင်းသို့ ထွက်ပြေးသွားခဲ့သည်။

ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲ ၁ ကီလို ဂရမ်ခန့်စီပါအထုပ် ၃၁၄ ထုပ်(၃၁၄ ကီလိုဂရမ်)၊ ဘိန်းဖြူ အဖြူရောင်ဘလောက်တုံး ၀ ဒသမ ၃၃၄ ကီလို ဂရမ်ပါအထုပ် ၄၄၀ ထုပ်(၁၄၆ ဒသမ ၉၆ ကီလိုဂရမ်) (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၁၁၅၂၄၀ )ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား မိုင်းနောင် နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here