တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသားများဖမ်းဆီးရမိ

636

တရားမဝင် ခိုးဝင်လာသော တရုတ်နိုင်ငံသားများဖမ်းဆီးရမိ

သြဂုတ်(၁၅) AlinnMyay(အလင်းမြေ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် အင်တောမြို့အဝင်၌ စစ်ဆေးနေစဉ် နောင်ဝိုးဘက်မှ အင်တောဘက်သို့မောင်းနှင်လာသည့် AD VAN အမျိူးအစား မော်တော်ယာဉ် ၂ စီး၊

Wish အမျိူးအစား မော်တော်ယာဉ် ၁ စီးနှင့်Probox အမျိူးအစား မော်တော်ယာဉ် ၁ စီးတို့အား ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်များပေါ်၌ တရားမဝင် ခိုးဝင်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၄ ဦး၊ မ ၁ ဦး တို့အား ယာဉ်မောင်းများနှင့်အတူတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး စာမျက်နှာတွင် သတင်းဖော်ပြထားသည်။

အဆိုပါ တရားမဝင်ခိုးဝင်လာသောတရုတ်နိုင်ငံသားများနှင့် ယာဉ်မောင်းများအား အင်တောနယ်မြေရဲစခန်းတွင် တရားဉပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေး (စာမျက်နှာ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here