(၉)ကြိမ်မြောက် JICM အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် အဖွင့်မှာစကားပြောကြားခြင်း

670

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) ကျင်းပ

သြဂုတ်(၁၃) AlinnMyay(အလင်းမြေ)

၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၁၃) ရက်နေ့ တွင် (၉)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC-II ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများ၊ NCAလက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဦးယွက်စစ် တို့က အသီးသီးအမှာစကားများ ပြောကြားကြသည်။

အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးဆိုင်ရာဆွေးနွေးမည့် အကြောင်းအရာများနှင့် ဆွေးနွေးမှုပုံစံ သဘောတူညီချက်များ အတည်ပြုခြင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ခုတွင် ထည့်သွင်းချုပ်ဆိုမည့် သဘောတူညီချက်များ အတည်ပြုခြင်း၊ အစိုးရနှင့် NCA လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား နှစ်ဖက်ညှိနှိုင်းဆွေးနွေးဆဲ ကိစ္စရပ်များအား ဆက်လက်ညှိနှိုင်းဆွေးနွေးရန် အတည်ပြု ခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပမည့် အချိန်ဇယားအတည်ပြုခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက် ကြကြောင်း သတင်းရရှိသည်။

သတင်း/ရုပ်သံ-တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here