ပန်းတနော် CB ဘဏ် ဓားပြတိုက်ခံရပြီးနောက် တောင်ငူမြို့နယ် ဘဏ်များအား ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်

902

ပန်းတနော် CB ဘဏ် ဓားပြတိုက်ခံရပြီးနောက် တောင်ငူမြို့နယ် ဘဏ်များအား ရဲတပ်ဖွဲ့မှ လုံခြုံရေး ဆောင်ရွက်

သြဂုတ်(၁၁) AlinnMyay(အလင်းမြေ)

ပန်းတနော်မြို့တွင် သြဂုတ်(၇)ရက်က မနက်ပိုင်းက ဖြစ်သွားခဲ့ CB Bank ( CB ဘဏ် ) ဓားပြတိုက်မှုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ပွါးစေရန်အတွက် တောင်ငူမြို့တွင် ဒီကနေ့ သြဂုတ် ၁၁ မနက်ပိုင်းက တောင်ငူမြို့ ပေါ်ရှိ ဘဏ်များအား တောင်ငူမြို့ ရဲတပ်ဖွဲ့မှ လုံခြုံရေးအတွက် လှည့်ကင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည် ။

” တောင်ငူမြို့ မရဲစခန်းအပိုင် ဘဏ်များအားလုံးသို့ သွားရောက်ပြီး ဘဏ်မန်နေဂျာ ၊ ဘဏ် လုံခြုံရေး ဝန်ထမ်းများနှင့် လိုက်လံတွေ့ဆုံပြီး အပြန်အလှန် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ ၊ လုံခြုံရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သူရထွန်း ကဆိုသည်။

တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်ဖြင့် တောင်ငူမြို့ပေါ် ရှိဘဏ်များအား အပိုင်ရဲစခန်းအလိုက် လုံခြုံရေးအဖြစ် လှည့်ကင်း ၊ ရပ်ကင်းများဆောင်ရွက်ခဲ့ကြတာလည်းဖြစ်သည် ။

” နောက်ရက်တွေမှာလည်း ယူနီဖောင်းဖြင့် ဆက်လက် လှည့်ကင်းဆောင်ရွက်သွားမှာပါ အဓိက ဘဏ်တွေမှာ ဆို Mask တပ်မှ အထဲဝင်လို့ရတယ် အဲ့အချက်ကို မသမာသူတွေက အခွင့်ကောင်းယူနိုင်တဲ့အတွက် စောင့်ကြည့်ခြင်း ၊ စျေးများ နှင့် ရွှေဆိုင်များစသည့် နေရာများတွင် လည်း မသင်္ကာသူများတွေ့ရှိပါက အချိန်နှင့် တပြေးညီအကြောင်းကြားနိုင်ရန် တယ်လီဖုန်းနံပါတ်များ ပေးထားမည့်အပြင် လှည့်ကင်း ၊ ရပ်ကင်း တွေကိုလည်း ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ဆိုသည် ။

တောင်ငူမြို့တွင် မြန်မာ့ စီးပွါးရေး ဘဏ်အပါ အဝင် တောင်ငူမြို့ပေါ် ရှိ ဘဏ် ၁၉ ခုအား တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေကြကြောင်း သိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here