ဖေ့ဘုတ် သုံးရာတွင် အထူးသတိရှိကြစေလိုပါသည်ခင်ဗျာ

925

ဖေ့ဘုတ် သုံးရာတွင် အထူးသတိရှိကြစေလိုပါသည်ခင်ဗျာ

သြဂုတ်(၁၁) AlinnMyay(အလင်းမြေ)

ဒေါ်——–၊ ၄၉ နှစ် သည်ရန်ကုန်မြို့၊ အင်းစိန်ရှိတူမဖြစ်သူထံသို့အလည်ရောက်ရှိစဉ် လွန်ခဲ့သော နှစ်လခန့်ကFacebook ၌ သိကျွမ်းရင်းနှီးခဲ့သူရွက်သစ် အကောင့် နှင့် Thu Rain အကောင့်ပိုင်ရှင် သူရိန်ထွန်းဆိုသူက ပဲခူးမြို့ပေါ်ရှိဘုရားများဖူးရန်လိုက်ပို့ပေးမည်ဟုဆိုကာယာဉ်အမှတ် အမျိုးအစား မမှတ်မိခဲရောင် Taxi ယာဉ်ဖြင့်လာရောက်ခေါ်ဆောင်ခဲ့သဖြင့်လိုက်ပါခဲ့ပါသည်။

ထိုနေ့နံနက် ၁၁ နာရီ အချိန်ခန့်တွင်ပဲခူးမြို့မှ ရန်ကုန်မြို့သို့အမြန်လမ်းမကြီးအတိုင်းပြန်လည်ထွက်ခွာလာစဉ် အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၀/၀) နှင့် (၀/၁) အကြားအရောက်သူရိန်ထွန်းမှကားအနားပေးဦးမည်ဟုဆိုကာကားရပ်နားပြီး

ကားနောက်ခန်း၌၎င်းတို့ (၂) ဦးစကားထိုင်ပြောစဉ်သူရိန်ထွန်းမှဒေါ် ——– ဝတ်ဆင်ထားသည့်ရွှေထည်ပစ္စည်းများအားခေတ္တဝတ်ဆင်လို၍ခဏချွတ်ပေးရန်နှင့်ထမင်းစားပြီးကပြန်ပေးပါမည်ဟုပြော၍ခေတ္တချွတ်ပေးခဲ့ပါသည်။

ရွှေထည်ပစ္စည်းများချွတ်ပေးပြီးနောက်သူရိန်ထွန်းဆိုသူမှထမင်းစားသွားမည်ကားရှေ့ခန်းသို့ပြောင်းထိုင်ရန်ခေါ်သည့်အတွက်ကားရှေ့ခန်းသို့ပြောင်းထိုင်ရန်ကားနောက်ခန်းမှ ဆင်းချိန်ကားအားမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ချွတ်ပေးခဲ့သည့်ရွှေထည်ပစ္စည်းနှင့် ပါဆုံးပစ္စည်းစာရင်း

၁။ မီးလင်းလက်ကောက် (၂) ကွင်း၊ ကာလတန်ဘိုး ၂၄ဝဝဝဝဝိ/-

၂။ လုံးချောလက်ကောက် (၅) ကွင်း၊ ကာလတန်ဘိုး ၁၅ဝဝဝဝဝိ/-

၃။ စပရိန်လက်စွပ် (၂) ကွင်း ကာလတန်ဘိုး ၉ဝဝဝဝဝိ/-

၄။ ကျောက်နီလက်စွပ် (၁) ကွင်းကာလတန်ဘိုး ၆ဝဝဝဝဝိ/-

၅။ ကျောက်ပြာလက်စွပ် (၁) ကွင်းကာလတန်ဘိုး ၃ဝဝဝဝဝိ/-

၆။ စိန်ပွင့် (၂)ပွင့်တွဲပါ စိန်လက်စွပ် (၁) ကွင်းကာလတန်ဘိုး ၃ဝဝဝဝဝိ/-

၇။ စိန်လော့ကတ်သီးပါ ပလက်တီနမ်ဆဲကြိုး (၁) ကုံးကာလတန်ဘိုး ၁၅ဝဝဝဝဝိ/-

၈။ ၀၉ ၄၄——- MPT SIM ကတ်နှင့်Telenor. နံပါတ်မမှတ်မိ Sim ကတ်ပါMI Note 7 အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးကာလတန်ဘိုး ၂၅ဝဝဝဝိ/-

၉။ တစ်ထောင်ကျပ်တန် ငွေစက္ကူ (၁) အုပ် ၁ဝဝဝဝဝိ/- စုစုပေါင်း ၇၈၅ဝဝဝဝိ/-အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ဒေါ်——– မှ ၃.၈.၂၀၂၀ ရက်နေ့ညနေ ၆ နာရီ ၁၅ အချိန်အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း၌အမှုဖွင့်လှစ်ခဲ့သည့်အတွက်အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့်အမှတ်(၃) လမ်းဆုံ ရဲစခန်းမှူး ရဲအုပ် သန့်ဇင်အမှတ်(၃)လမ်းဆုံ တိုးလ်ဂိတ် တာဝန်ခံရဲအုပ် မင်းမင်းစိုးနှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များမှရဲလုပ်ငန်းများပြီးပြည့်စုံစွာစုံစမ်းထောက်လှမ်းကာတရားခံ ဖမ်းဆီးရမိရေးပါဆုံးပစ္စည်းများ ပြန်လည်ရရှိရေးဆောင်ရွက်ခဲ့ကြပါသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တို့၏ကြိုးပမ်းဆောင်ရွက်မှုကြောင့်ရွက်သစ် fb Acc နှင့်Thu Rain fb Acc ပိုင်ရှင်သူရိန်ထွန်းဆိုသူမှာ

ဇော်မျိုးလွင်၊ ၂၇ နှစ်၊ (ဘ)ဦးခင်မောင်လွင်၊၁၂/အစန(နိုင်)၂၃၂၄၅၄၊ အမှတ်(၆၅၃)၊မြို့ပတ်လမ်း၊ ရွာမအနောက်ရပ်၊ အင်းစိန်မြို့ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီး

ပြစ်မှုကျူးလွန်သူဇော်မျိုးလွင်အား ၈.၈.၂၀၂၀ ရက်နေ့ည ၉ နာရီအချိန် အမှုဖြင့်ဖမ်းဆီးကာသက်သေခံပစ္စည်းများ သိမ်းဆည်းခြင်း၊အမှုခိုင်မာစွာတည်ဆောက်အမြန်တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

သတင်း/ဓာတ်ပုံ – အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး စာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here