အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကြေးငွေများ အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးအား အဂတိတိုက်ဖျက်ရေးကော်မရှင်သို့တိုင်တန်း

122

အခြေခံလူတန်းစားများအတွက် ထောက်ပံ့ကြေးငွေများ အလွဲသုံးစားပြုလုပ်သည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးအား အဂတိတိုက်ဖျက်ရေးကော်မရှင်သို့တိုင်တန်း

သြဂုတ်(၉) AlinnMyay(အလင်းမြေ)

နိုင်ငံတော်စီမံချက်ဖြင့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ပေးသော ငွေကြေးများအား ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ထားသည်ဟု ဆိုကာ တောင်ငူမြို့နယ် သဖန်းပင် ကျေးရွာအုပ်ချုပ်ရေးမှူး အား အဂတိတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်းကြားထားကြောင်း တိုင်ကြားစာအရသိရသည် ။

ကျေးရွာ ခွဲ ၅ ရွာမှ ရပ်မိ /ရပ်ဖများ ၊ ရာအိမ်မှူးများ ၊ ဆယ်အိမ်မှူးများစုပေါင်းပြီး ၁၅ ဦးမှ လက်မှတ်ရေးထိုးကာ သြဂုတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ လိပ်မူကာ တိုင်တန်း ခဲ့ကြတာလည်းဖြစ်သည်။
တောင်ငူမြို့နယ် သဖန်းပင်ကျေးရွာအုပ်စု အတွက် တစ်အိမ်ထောင်လျှင် ( ၁၅၀၀၀)ကျပ် နှုန်း အိမ်ထောင်စု ( ၅၁၁ )စုအတွက် မြို့နယ်အုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ ချပေးသော ( ၇၆၆၅၀၀၀)ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူးမှ ထုတ်ယူပြီး ၊ ကျေးရွာ ရပ်မိ /ရပ်ဖ များ ၊ ကျေးရွာ ရာအိမ်မှူးများကိုခေါ်၍ ပွင့်လင်းမြင်သာစွာချပြဆွေနွေးခြင်းမရှိဘဲ

မိမိနေထိုင်သော အလယ်ကျွန်းကျေးရွာနှင့် ကပ်လျက် ပြသောင်ကျေးရွာ ( ၂ )ရွာကိုသာ အိမ်ထောင်စု ( ၂၀၀)အတွက် ငွေကျပ် ( ၃၀၀၀၀၀၀)အားထုတ်ပေးပြီး ကျန်ငွေ ( ၄၆၆၅၀၀၀)ကျပ်ကို ကျန်ကျေးရွာ ၅ရွာ အား ယနေ့အထိ ထုတ်ပေးခြင်းမရှိသေးသောကြောင့် တိုင်းကြားခြင်းဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည် ။

အဆိုပါတိုင်ကြားစာအား အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ လိပ်မူကာ ဝန်ကြီးချုပ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ တောင်ငူ ခရိုင်အုပ်ချုပ်ရေးမှူး ၊တောင်ငူ မြို့နယ်အုပ်ချုပ်မှူးထံသို မိတ္တူပေးပို့ထားကြောင်း တိုင်ကြားစာအရ သိရသည် ။

ယင်းကဲ့သို့ စွပ်စွဲတိုင်းတန်းထားမှု နှင့် ပတ်သက်ပြီး သဖန်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မိသားစု တစ်ဦးနှင့်သာ အဆက်အသွယ်ရခဲ့သည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here