တရားမဝင် သစ်များတင်ဆောင်ထားသော ဘေးတွဲ ဆိုင်ကယ် ၅ စီး နှင့် လူ ၆ ဦးအား ဖမ်းဆီးရမိ

695

တရားမဝင် သစ်များတင်ဆောင်ထားသော ဘေးတွဲ ဆိုင်ကယ် ၅ စီး နှင့် လူ ၆ ဦးအား ဖမ်းဆီးရမိ

သြဂုတ်(၈) AlinnMyay(အလင်းမြေ)

တရားမဝင် သစ်များ တင်ဆောင်ထားသော ဘေးတွဲ ဆိုင်ကယ် ၅စီး နှင့် လူ ၆ ဦးအား တောင်ငူမြို့ အမှတ် ( ၂ ) နယ်မြေရဲစခန်းမှ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ် ၈ ရက် မနက် ၃ နာရီ သက်သေများနှင့် ညဉ့်နက် လှည့်ကင်းဆောင်ရွက်စဉ်တွေ့ရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

တောင်ငူမြို့နယ် ၊ ကင်းဆိပ်ကျေးရွာ ၊ ဝင်ကမ္ဘာ ဘုရားအနီး ခပေါင်းချောင်းတွင်း ဝါးဖောင်မှ တဆင့် ပျဉ်းကတိုး ဆိုဒ်စုံ ( ၃၂ ) ချောင်းအား တင်ဆောင်ထားသည့် ဘေးတွဲ ဆိုင်ကယ် ၅စီးနှင့် လူ ၆ ဦးအား တွေ့ရှိ ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည် ။

အဆိုပါ ဖမ်းဆီးရမိသော ပျဉ်းကတိုး ဆိုဒ်စုံ ( ၃၂ )ချောင်း အား တင်ဆောင်ထားသော ဘေးတွဲဆိုင်ကယ် ( ၅ )စီး နှင့် လူ ( ၆ ) ဦးတို့အား တောင်ငူမြို့ ၊ အမှတ် ( ၂ )နယ်မြေရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here