ကော့သောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သြဂုတ်(၇) AlinnMyay(အလင်းမြေ)
ကော့သောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာတွင် ဖော်ပြထားကြောင်းတွေ့ရသည်။
အဆိုပါ ဖော်ပြချက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဗန္ဓုလလမ်းသွယ်နေ ကျော်မင်းသူ(ခ)ရဲရဲ(ခ)ငရဲ ၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ကွန်ကရစ်အုတ်ခုံ မီးဖိုစင်လိုဏ်ခေါင်းထဲတွင် အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၃၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၉၀၀ ကျော်)နှင့် VIVO အမျိုးအစား ဖုန်းတစ်လုံးတို့နှင့်အတူ ကျော်မင်းသူအား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း/ဓာတ်ပုံ- တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ စာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ
ေကာ့ေသာင္းၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
ၾသဂုတ္(၇) AlinnMyay(အလင္းေျမ)
ေကာ့ေသာင္းၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း တပ္မေတာ္သတင္းျပန္ၾကားေရးအဖြဲ႔ သတင္းစာမ်က္ႏွာတြင္ ေဖာ္ျပထားေၾကာင္းေတြ႔ရသည္။
အဆိုပါ ေဖာ္ျပခ်က္တြင္ တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္အတြင္း နယ္ေျမလုံျခဳံေရး ေဆာင္ရြက္လ်က္ရွိေသာ ပူးေပါင္းအဖြဲ႕သည္ ယမန္ေန႔နံနက္ပိုင္းတြင္ ေကာ့ေသာင္းၿမိဳ႕၊ ေရႊျပည္သာရပ္ကြက္၊ ဗႏၶဳလလမ္းသြယ္ေန ေက်ာ္မင္းသူ(ခ)ရဲရဲ(ခ)ငရဲ ၏ ေနအိမ္အား သတင္းအရ ဝင္ေရာက္ရွာေဖြရာ ကြန္ကရစ္အုတ္ခုံ မီးဖိုစင္လိုဏ္ေခါင္းထဲတြင္ အျပာေရာင္ကပ္ခြာအိတ္မ်ားျဖင့္ ထည့္ထားေသာ WY စာတမ္းပါ ပန္းေရာင္စိတ္ႂကြ ႐ူးသြပ္ေဆးျပား ၁၃၀၀၀၀ ျပား(ခန႔္မွန္းတန္ဖိုး က်ပ္သိန္း ၃၉၀၀ ေက်ာ္)ႏွင့္ VIVO အမ်ိဳးအစား ဖုန္းတစ္လုံးတို႔ႏွင့္အတူ ေက်ာ္မင္းသူအား ဖမ္းဆီးရမိခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူအား ေကာ့ေသာင္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
သတင္း/ဓာတ္ပံု- တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ စာမ်က္ႏွာ #AlinnMyay(အလင္းေျမ) #ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ