အိပ်ယာထ နောက်ကျသည်ကို မိခင်မှ ဆူသဖြင့် စစ်တောင်းတံတားပေါ်မှ ခုန်ချ သေဆုံး

709

အိပ်ယာထ နောက်ကျသည်ကို မိခင်မှ ဆူသဖြင့် စစ်တောင်းတံတားပေါ်မှ ခုန်ချ သေဆုံး

သြဂုတ်(၇) AlinnMyay(အလင်းမြေ)

အိပ်ယာထနောက်ကျသည်ကို ဆူသဖြင့် မိခင် နှင့် စိတ်ဆိုးကာ ထန်းတပင် – အုတ်တွင်း ဆက်သွယ်ထားသည့် စစ်တောင်းမြစ်ကူးတံတားပေါ်မှ ခုန်ချသေဆုံးခဲ့သည့် ဖြစ်စဉ် တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ်တွင် ဖြစ်သွားခဲ့ကြောင်း သိရသည် ။

ထန်းတပင်မြို့ ၊ ခြံကြီးကျေးရွာနေ မရီရီဝင်း( ၁၉ )နှစ်သည် သြဂုတ် ၄ ရက် မနက် ၇ နာရီအချိန်က ထန်းတပင်မြို့ တောင်ဘက် စစ်တောင်းမြစ်ကူးတံတား တိုင်အမှတ် P-7 လက်ရမ်းပေါ်မှ ခုန်ချသွားကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများသည် စုံစမ်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည် ။

ယင်းသို့စစ်ဆေးပြီးနောက် အဆိုပါ အမျိုးသမီးအလောင်းအား သြဂုတ် ၆ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်တွင် အုန်းပင်ကျေးရွာအနောက်ဘက် စစ်တောင်းမြစ်ကမ်းစပ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည် ။

” အခင်းဖြစ်သည့် မနက် ၆ နာရီခွဲအချိန်က အိပ်ယာထနောက်ကျသည်ကို မိခင်က ဆူပူသည်ကို စိတ်ဆိုးကာ ဆိုင်ကယ်ဖြင့် ထန်းတပင်မြို့ဘက်သို့ ထွက်ခွါးခဲ့ပြီး စစ်တောင်းမြစ်ကူးတံတားပေါ်မှ ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ” ထန်းတပင်မြို့မရဲစခန်းမှ သိရသည် ။

သေဆုံးသူ မရီရီဝင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ဆေးစစ်ချက်ခံယူကာ ထန်းတပင်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၇/ ၂၀၂၀ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်းလည်းသိရသည် ။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here