မိုးညှင်းမြို့မရဲစခန်းတွင် NLD ပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အမှုဖွင့်တိုင်ကြားခံရ

711

မိုးညှင်းမြို့မရဲစခန်းတွင် NLD ပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အမှုဖွင့်တိုင်ကြားခံရ

သြဂုတ်(၇) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြို့မရဲစခန်းတွင် NLD ပါတီမှ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအားခြိမ်းခြောက်ငွေတောင်းခံမှုဖြင့် သြဂုတ်လ(၆)ရက်နေ ့တွင်အမှုဖွင့်လှစ်ထားခဲ့ရာ မိုးညှင်းမြိ့ုမရဲစခန်းမှအမှုလက်ခံထားရှိခဲ့ကြောင်းသိရှိရသည်။

ဖြစ်ပွါးပုံမှာ မိုးညှင်းမြိ့ု အောင်သပြေ(၁)ရပ်ကွက်နေဒေါ်ဟံ သည် ၂၀၀၇/၂၀၀၈ ခုနှစ်မှစ၍ အောင်သပြေကွင်းအမှတ် OSS/44 တွင် ယာမြေ(6.49)ဧကအား သားမက်ဖြစ်သူ ဖိုးတူး ၏အမည်ဖြင့်လုပ်ပိုင်ခွင့်ရခဲ့ပြီး အဆိုပါမြေမှာ မြိ့ုရှောင်လမ်းဖေါက်လုပ်မှုကြောင့်တန်ဖိုးမြင့်မားလာခဲ့ကာ ဒေါ်ဟံ အနေဖြင့်မိသားစုစားဝတ်နေရေး ကျောင်းစားရိတ်ခနှင့်လူမှုရေးကိစ္စများကြောင့်ငွေကြေးခက်ခဲမှုရှိလာခဲ့သဖြင့် အဆိုပါမြေအား အုတ်ကျင်းရပ်ကွက်နေဦးညွန် ့အောင်ဆိုသူအားရောင်းချရန် အကြောင်းဖန်လာခဲ့သည်။

ထို ့ကြောင့် ၂၀၁၅ ခုနှစ် မတ်လ(၁၅)ရက်နေ ့တွင်အဆိုပါမြေကွက်အားရောင်းချရန် ဒေါ်ဟံ ၏နေအိမ်၌ဆောင်ရွက်နေစဉ် အောင်သပြေ(၃)ရပ်ကွက်နေ ဦးတင်အေး (ယခုပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)ရောက်ရှိလာပြီး အဆိုပါမြေမှာ ၎င်းပိုင်ဆိုင်သည့်မြေဖြစ်သဖြင့်သိန်း(၃၀၀)ကျပ်ပေးရန်တောင်းခံခဲ့ပြီး မပေးပါကအရောင်းအဝယ်ပျက်အောင်ဖျက်မည်/ကန် ့ကွက်မည် ဟုခြိမ်းခြောက်လာသဖြင့် ဒေါ်ဟံ မှအရောင်းအဝယ်ပျက်မည်စိုး၍အကြိမ်ကြိမ်တောင်းပန်ကာ ငွေသိန်း(၅၀)ကျပ်ပေးရန်သဘောတူခဲ့ကြပြီး အဆိုပါငွေသိန်း(၅၀)ကျပ်ပေးချေရာတွင် သက်သေအထောက်အထားရရှိရန်အတွက်စာချူပ်ချုပ်ဆိုလက်မှတ်ထိုးကြရာတွင် စာချုပ်ပေါ်၌ဒေါ်ဟံမှဦးတင်အေး အားမေတ္တာဖြင့်ပေးသည်ဟုရေးသားခဲ့ကြသည်။

ဒေါ်ဟံအနေဖြင့်ထိုသို ့ငွေသိန်း(၅၀)ကျပ်ပေးချေရသည့်အပေါ်မကျေနပ်သဖြင့် အဆိုပါမြေ၏ရာဇဝင်အားလိုက်လံစုံစမ်းရာ ယခင်က ဦးတင်အေး ပိုင်ဆိုင်ခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် ဦးတင်အေး အနေဖြင့် မလုပ်ကိုင်နှိုင်တော့သဖြင့် အောင်သပြေရပ်ကွက်အေးချမ်းသာယာရေးနှင့်ဖွံ ့ဖြိုးရေးကောင်စီရုံးတွင်ပြန်လည်အပ်နှံထားသည်ကိုသိရှိရ၍ ဒေါ်ဟံ မှ ၂၀၁၈ ခုနှစ်တွင် NLDဗဟိုဋ္ဌာနချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို ့တိုင်ကြားခဲ့သည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ၂၀၁၈ ခုနှစ် ဧပြီလ(၂၅)ရက်နေ ့တွင် စာအမှတ်/၇/၆၀၃(၀၅၄၁/၂၀၁၈)ဖြင့် ခြိမ်းခြောက်ငွေတောင်းခံသူအား သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ရန်အကြောင်းပြန်ခဲ့သော်လည်းဒေါ်ဟံ အနေဖြင့်လူမှုရေးအရစောင့်ကြည့်ခဲ့သော်လည်းယခုအခါ သည်းမခံနှိုင်တော့သဖြင့် သြဂုတ်လ(၆)ရက်နေ ့ညနေ(၆)နာရီ(၅)မိနစ်အချိန်တွင် မိုးညှင်းမြိ့ုမရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့သည်။

ထို ့ကြောင့် ဦးတင်အေး(၆၈)နှစ်(ဘ)ဦးကျော်ထီ(ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)အိမ်အမှတ်(၃/၂၃၅)အောင်သပြေ(၃)ရပ်ကွက် မိုးညှင်းမြိ့ုနေထိုင်သူအား မိုးညှင်းမြိ့ုမရဲစခန်းမှ (ပ)၁၀၂/၂၀၂၀ ပုဒ်မ၃၈၄ ဖြင့်အမှုရေးဖွင့်ကာ ဦးတင်အေး အားဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here