လက်နက်၊ ခဲယမ်းနှင့် ငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

686

လက်နက်၊ ခဲယမ်းနှင့် ငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သြဂုတ်(၆) AlinnMyay(အလင်းမြေ)

တာချီလိတ်မြို့နယ်၌ လက်နက်၊ ခဲယမ်းနှင့် ငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းဖော်ပြချက်များအရသိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပန်ကူ(အခါ)ကျေးရွာအနီး လူနေထိုင်ခြင်းမရှိသည့် မသင်္ကာဖွယ် အဆောက်အဦး ၁ လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ အဆောက်အဦအတွင်းမှ မိုးကာဖြင့်အုပ်ထားသော အမေရိကန်နိုင်ငံလုပ် ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၇၃၀၀၀ ပြား၊ ပန်းရောင်၊ လိမ္မော်ရောင်စိတ်ကြွဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်းအဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်ခန့်(စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဒဿမ ၃ ဘီလီယံကျော်)နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

သတင်း/ဓာတ်ပုံ – တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ (စာမျက်နှာ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here