“အောင်ဆန်း” ရုပ်ရှင် ပြန်လည် ရိုက်ကူး

126

” အောင်ဆန်း ” ရုပ်ရှင် ပြန်လည် ရိုက်ကူး

သြဂုတ်(၆) AlinnMyay(အလင်းမြေ)

ကိုဗစ်ကာလအတွင်း ခေတ္တရပ်နားထားသော ရုပ်ရှင်/ ဗီဒီယို ရိုက်ကူးရေးလုပ်ငန်းများကို (၂၇.၇.၂၀၂၀) ရက်နေ့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်ရိုက်ကူးခွင့် ပြုထားပြီးဖြစ်ပါသောကြောင့် ရပ်နားထားသော ” အောင်ဆန်း ” ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပြန်လည်ရိုက်ကူးနေပြီ ဖြစ်ကြောင်း အောင်ဆန်းရုပ်ရှင် ဖေ့ဘုတ်စာမျက်နှာတွင် သြဂုတ်လု (၅) ရက်နေ့က ရိုက်ကွင်း ပုံရိပ်တစ်ချို့နှင့် အတူဖော်ပြထားသည်။

၂၀၂၀ ခုနှစ် သြဂုတ်လ (၅)ရက်နေ့ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ဇာတ်ဝင်ခန်းအချို့ကို စတင်ရိုက်ကူးခဲ့ရာ ပရိသတ်များနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရွှေတိဂုံစေတီတော်ပိတ်ရက်အတွင်း ရိုက်ကူးခွင့်ရနိုင်ပါရန် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့် ညှိနှိုင်းခွင့်ပြုချက်ရယူပြီး ကြာမြင့်ချိန် (၂) နာရီခန့် ရိုက်ကူးပြီးစီးခဲ့ကြောင်း ဆက်လက်ဖော်ပြထားပါသည်။

#AungSanMovie #အောင်ဆန်းရုပ်ရှင် ၊ သတင်း/ဓာတ်ပုံ – #အောင်ဆန်းရုပ်ရှင် (စာမျက်နှာ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here