ပူးပေါင်းစစ်ေရေးဂိတ်တွင် ကျောက်စိမ်းတုံးများသယ်ဆောင်လာသည့်မော်တော်ယာဉ်အားဖမ်းဆီးရမိ

564

ပူးပေါင်းစစ်ေရေးဂိတ်တွင် ကျောက်စိမ်းတုံးများသယ်ဆောင်လာသည့်မော်တော်ယာဉ်အားဖမ်းဆီးရမိ

စစ်ကိုင်းတ်ုိင်းဒေသကြီး အင်းတော်မြိ့ုမရဲစခန်းမှရဲတပ်ဖွဲ ့ဝင်များသည် နဘားကျေးရွာပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်စဉ် ကျောက်စိမ်းအရိုင်းတုံးနှင့်ဖြတ်စများတင်ဆောင်လာသောမော်တော်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို ့အားသက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးအရေးယူထားခဲ့ပေသည်။

ဖြစ်ပွါးပုံမှာ သြဂုတ်လ(၄)ရက်နေ ့နံနက်(၆)နာရီခွဲအချိန်ခန် ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြိ့ုမရဲစခန်းမှ ရဲအုပ်ဇော်မြင့်ဦး နှင့်တပ်ဖွဲ ့ဝင်များသည်သက်သေများနှင့်အတူ နဘားကျေးရွာပူးပေါင်းစစ်ဆေးရေးဂိတ်တွင်နယ်မြေလုံခြုံရေးအတွက်မော်တော်ယာဉ်များအားစစ်ဆေးရှာဖွေလျက်ရှိစဉ် ပြည်ထောင်စုလမ်းမကြီးအတိုင်းမြစ်ကြီးနားမြိ့ုဘက်မှ ယာဉ်မောင်း ဆန်းလွင်မောင်းနှင်ပြီး အောင်စိုး(ခ)ချစ်သန်းလိုက်ပါလာသောDD/7236နံ ပါတ်ပါ WING ROAD အမျိုးအစား ခဲရောင်မော်တော်ယာဉ်အားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို ့တားဆီးစစ်ဆေးစဉ် မော်တော်ယာဉ်နောက်ခန်း စပါယ်ယာဘီးထားသည့် BOX အတွင်းနှင့်မော်တော်ယာဉ်ကြမ်းပြင်အောက်တွင်အံဝှက်ပြုလုပ်သယ်ဆောင်လာသောကျောက်စိမ်းအရိုင်းတုံးဟုယူဆရသောကျောက်တုံး(၁၅)တုံး၊လက်ကောက်ကွင်း(၅၇၂)ကွင်းနှင့်ကျောက်ဖြတ်စများအားတွေ ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ၎င်းတို ့အားအမည်မသိအမျိုးသားတစ်ဦးမှ ပို ့ဆောင်ခ(၃)သိန်းပေး၍မန္တလေးသို ့ပို ့ဆောင်ရန်မောင်းနှင်လာခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် ရဲအုပ်ဇော်မြင့်ဦး မှတရားလိုပြုလုပ်အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိသောကျောက်များအား ကျောက်စိမ်းဟုတ်/မဟုတ်စစ်ဆေးပေးနှိုင်ရန်အတွက် မိုးညှင်းမြိ့ုရှိ ကျောက်စိမ်းတူးဖေါ်ရေးဋ္ဌာန သို ့ပို ့ဆောင်းထားခဲ့သည်။

ထို ့ကြောင့် ဆန်းလွင်(၃၀)နှစ်(ဘ)ဦးဆယ်မောင်ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော်ကောင်စီနယ်မြေ နှင့်အောင်စိုး(ခ)ချစ်သန်း(၃၁)နှစ်(ဘ)ဦးထွန်းလှိုင် ညောင်ပင်သာရွာ ပုသိမ်ကြီးမြိ့ုနယ် မန္တလေးတိုင်းဒေသကြီးနေထိုင်သူတို ့အားအင်းတော်မြိ့ုမရဲစခန်းမှ(ပ)၆၅/၂၀၂ဝမြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)ဖြင့်အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here