ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်

884

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်

သြဂုတ်(၅) AlinnMyay(အလင်းမြေ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော်ကောင်စီနယ်မြေတွင် မဲဆန္ဒနယ် (၁၀)နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအနေဖြင့် ဇေယျာသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအပါအဝင် ပုဗ္ဗသီရိမြို့နယ်မှ ဦးဝေလွင်၊ ပျဉ်းမနားမြို့နယ်မှ ဦးမြင့်အောင်သန်း၊ ဥတ္တရသီရိမြို့နယ်မှ ဦးဝင်းရှိန်၊ ဇဗ္ဗူသီရိမြို့နယ်မှ ဦးဝဏ္ဏမောင်လွင်၊ တပ်ကုန်းမြို့နယ်မှ ဦးကျော်ကျော်လတ်၊ ဒက္ခိဏသီရိမြို့နယ်မှ ဦးမြင့်လှိုင်၊ လယ်ဝေးမြို့နယ်မှ ဦးဌေးဝင်း၊ ဦးခင်မောင်ဌေး၊ဒေါ်ဝင်းဝင်းသီတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။

၂၀၂၀ အထွေအထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ထုတ်ပြန်ကြေညာထားခြင်းမရှိသေးဘဲ ယခုလအစောပိုင်းတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက အသိပေးထားသည်။

၂၀၂၀ အထွေအထွေရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းရွေးချယ်ထားရာတွင် လူကြီး၊ လူငယ်၊ လူလတ် အချိုးညီစွာရွေးချယ်ထားကြောင်း သိရသည်။ လာမည့် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ မဲဆန္ဒနယ် (၃၃၀)လုံး ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။

၃.၈.၂၀၂၀ ရက်နေ့တွင် ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း အပိုင် နေပြည်တော်- ရန်ကုန်လမ်းပိုင်း၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၆/၅မှ ၁၃၆/ရအထိ (၂)ဖာလုံခန့်တွင် မိုးအဆက် မပျက်ရွာသွန်းမှုကြောင့် အမြန်လမ်းမကြီးပေါ်ရေရောက်ရှိနေသဖြင့် အမြန်လမ်းမကြီး(ပြင်/ထိန်း)အဖွဲ့ နှင့်အတူ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းတား တုံးများချ၍ တစ်လမ်း မောင်းပြုလုပ်ခြင်း၊ သဲအိတ်များဖြင့်ရေတားပြုလုပ်ခြင်း များဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ဖော်ပြထားသည်။

သတင်း/ဓာတ်ပုံ – CPT #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here