ဂျိုင်းမြစ်ရေ မြှင့်တက်လာမှုကြောင့် Pontoon ramp အတက်အဆင်းလမ်းကို တစ်ဖက်လျှင် ပေ ၈၀ စီတပ်ဆင်

568

ဂျိုင်းမြစ်ရေ မြှင့်တက်လာမှုကြောင့် Pontoon ramp အတက်အဆင်းလမ်းကို တစ်ဖက်လျှင် ပေ ၈၀ စီတပ်ဆင်

ဘားအံ ဩဂုတ် ၄

မိုးသည်ထန်စွာရွာသွန်းပြီး ဂျိုင်းမြစ်ရေမြှင့်တက်လာသည့်အတွက် ဘားအံ-ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်တွင်ရှိသည့် ဂျိုင်းမြစ်ကူး Pontoon ramp အတက်အဆင်းလမ်းကို ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းမှစ၍ တစ်ဖက်လျှင် ပေ ၈၀ စီ စုစုပေါင်း ပေ ၁၆၀ တပ်ဆင် ပေးလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းဖော်ပြချက်အရသိရသည်။

အဆိုပါ တန် ၆၀ ပွန်တွန်းတံတားကို ကရင်ပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းရှင်များ ကုမ္ပဏီလိမိတက်(Kayin State Transportation & Service Entrepreneur’s Co.,Ltd) က တာဝန်ယူဆောင်ရွက် လျက်ရှိပြီး

Pontoon ramp အတက်အဆင်းလမ်း တပ်ဆင် နေသည့် ကာလအတွင်း မော်တော်ယာဉ်များကို ၂ နာရီခြား၊ ၃ နာရီခြား တစ်ကြိမ် ဖြတ်သန်း သွားလာစေသည့်အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိဘဲ ပုံမှန်အခြေအနေ တွင်သာရှိကြောင်း ဖော်ပြထားသည်။

ထိုသို့ဖြတ်သန်းစေရာတွင် ကုန်နှင့်ယာဉ်အလေးချိန်ကို ကန့်သတ်မှုမရှိဘဲ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် တန်ချိန်အတိုင်း ကုန်တင်ယာဉ်ကြီးများအားလုံးကို ဖြတ်သန်းခွင့် ပေးထားကြောင်း၊ ဂျိုင်းမြစ်ရေသည် ယနေ့ နံနက် ၆ နာရီအချိန် တိုင်းတာချက်များအရ စိုးရိမ်ရေအမှတ် ၅၅၀ စင်တီမီတာအောက် ၄၀၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၃၆ နာရီအတွင်း တစ်မီတာခွဲခန့် မြှင့်တက်လာရာ ပွန်တွန်းတံတားပေါ်မှ ဖြတ်သန်းသွားလာ နေကြသော မော်တော်ယာဉ် များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို စိုးရိမ်ရသည့်အနေအထားသို့ ရောက်ရှိလာသည့်အတွက် အရန်အဖြစ်ထားရှိသည့် Pontoon ramp အတက်အဆင်းလမ်းကို တပ်ဆင်ပေးခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

သတင်း/ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန(သတင်းစာမျက်နှာ)

LEAVE A REPLY

Please enter your comment!
Please enter your name here