မိုးညှင်းမြို့နယ် လုံးတုံနယ်မြေရဲစခန်းအပိုင်တွင် မူးယစ်ဆေးဝါးများနေ ့စဉ်ရက်ဆက်ဖမ်းမိလျှက်ရှိ

621

မိုးညှင်းမြို့နယ် လုံးတုံနယ်မြေရဲစခန်းအပိုင်တွင် မူးယစ်ဆေးဝါးများနေ ့စဉ်ရက်ဆက်ဖမ်းမိလျှက်ရှိ

သြဂုတ်(၄) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြိ့ုနယ် အင်းတော်ကြီးဒေသလုံးတုံးနယ်မြေရဲစခန်းအပိုင်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သယ်ဆောင်သုံးစွဲသူများအား ရှာဖွေဖေါ်ထုတ် ဖမ်းဆီးလျှက်ရှိပေရာမူးယစ်ဆေးဝါးများနှင့်ပတ်သက်ဆက်နွယ်သူများအား နေ ့စဉ်ရက်ဆက်ဖေါ်ထုတ်အရေးယူနှိုင်ခဲ့ပေသည်။

ဖြစ်ပွါးပုံမှာ သြဂုတ်လ(၁)ရက်နေ ့နေ ့လယ်(၁)နာရီ(၅၀)မိနစ်အချိန်တွင် မိုးညှင်းမြိ့ုမူးယစ်တပ်ဖွဲ ့စု(၃)မှရဲအုပ်နေလင်းထွန်းနှင့်တပ်ဖွဲ ့ဝင်များသည် သက်သေများနှင့်အတူမူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းမြိ့ုနယ် အင်းတော်ကြီးဒေသ နန် ့မီးလောင်ကျေးရွာနေ မမိုး ၏နေအိမ်အားဝင်ရောက်ရှာဖွေရာ မမိုးအားနေအိမ်တွင်အသင့်တွေ ့ရသဖြင့် ရဲအုပ်နေလင်းထွန်းနှင့်တပ်ဖွဲ ့ဝင်များမှသက်သေများရှေ ့တွင်ရှာဖွေကြရာ မမိုး၏နေအိမ်အပေါ်ထပ်နောက်ခန်းတံခါးပေါက်နံဘေးကြမ်းပြင်ပေါ်တွင်တွေ ့ရှိရသည့်ပလိုင်းငယ်အတွင်းရှိအနက်ရောင်ကြွပ်ကြွပ်အိတ်ထဲမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀)ပြားအားရှာဖွေတွေ ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီသိမ်းဆည်းခဲ့ကြသည်။ထို ့ကြောင့် မမိုး(၄၃)နှစ်(ဘ)ဦးကျော်သိန်း နန် ့မီးလောင်ကျေးရွာ အင်းတော်ကြီးဒေသ မိုးညှင်းမြိ့ုနယ်နေထိုင်သူအား လုံးတုံနယ်မြေရဲစခန်းမှ မယ(ပ)၄၁/၂၀၂ဝပုဒ်မ ၁၉(က)ဖြင့်အမှုရေးဖွင့်ဖမ်းဆီးခဲ့သည်။

ထို ့အတူသြဂုတ်လ(၂)ရက်နေ ့နေ့ ည(၇)နာရီအချိန်ခန် ့က မိုးညှင်းမြိ့ုမူးယစ်တပ်ဖွဲ့စု(၃)မှ ရဲအုပ်နေလင်းထွန်းနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မိုးညှင်းမြိ့ုနယ် အင်းတော်ကြီးဒေသ နန့် မီးလောင်ကျေးရွာနှီးဘုရားအနီး အင်းတော်ကြီးကန်ရေဆိပ်လမ်း၌စောင့်ဆိုင်းနေစဉ်ရေဆိပ်ဘက်မှနှီးဘုရားဘက်သို့လမ်းလျှောက်လာသူ ထွန်းဇော်ဦး ဆိုသူအားမသင်္ကာသဖြင့်စစ်ဆေးရှာဖွေရာ ၎င်း၏လက် အတွင်း ကိုင်ဆောင်ထားသော အပြာရောင်လက်ဆွဲအိတ်အတွင်း အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်လျက် တံဆိပါ မပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂ဝဝ)ပြားပါ(၁)ထုပ်၊ ကော်ဘူးဖြင့်ထည့်လျက်တံဆိပ်မပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁ဝဝ)ပြားပါ(၁)ဘူး စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား(၃ဝဝ)ပြားနှင့်အပြာရောင်ဆပ်ပြာခွက်အတွင်းပလတ်စတစ်အိတ်ဖြင့်ထည့်ထားသည့်ဘိန်းဖြူဟုယူဆရသည့် ဖြူ/ဝါမှုန် ့အလေးချိန်(၉)ဂရမ်ခန့်ပါ(၁)ခွက်၊ အဖြူရောင်ကော်ဗူးအတွင်းထည့်ထားသည့် ဘိန်းဖြူအလေးချိန်(၉)ဂရမ်ခန့်ပါ(၁)ဗူး၊စုစုပေါင်းဘိန်းဖြူအလေးချိန်(၁၈)ဂရမ်တို့အားရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေနှင့်အညီသိမ်းဆည်းခဲ့ကြသည်။

ထို ့ကြောင့် ထွန်းဇော်ဦး(၃၅)နှစ် မမုန်ကိုင်ကျေးရွာအင်းတော်ကြီးဒေသ မိုးညှင်းမြိ့ုနယ်နေထိုင်သူအား လုံးတုံးနယ်မြေ ရဲစခန်းမှ မယ(ပ)၄၂/၂ဝ၂ဝ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရှိရသည်။

ထို ့အပြင် သြဂုတ်လ(၃)ရက်နေ ့နေ ့လယ်(၁၁)နာရီအချိန်ခန် ့က မိုးညှင်းမြိ့ု မူးယစ်တပ်ဖွဲ ့စု(၃)မှရဲအုပ်ဝင်းကျော်ကျော်နှင့်တပ်ဖွဲ ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းမြိ့ုနယ် အင်းတော်ကြီးဒေသ နန် ့မွန်းမြိ့ု ရပ်ကွက်(၂)နေ မရီရီခိုင်(ခ)ပူစူး ၏နေအိမ်အားဝင်ရောက်ရှာဖွေကြရာ မရီရီခိုင်(ခ)ပူစူးအားနေအိမ်တွင်တစ်ရပ်ကွက်တည်းနေ ရဲဝင်းထွန်း(ခ)မောင်ကြီး ဆိုသူနှင့်အတူတွေ ့ရှိရသဖြင့်ရှာဖွေမှုပြုကြရာမရီရီခိုင်(ခ)ပူစူးထိုင်နေသည့်သစ်သားခုံတန်းလျားပေါ်တွင်တွေ ့ရှိရသည့်အနက်ရောင်ကြွပ်ကြွပ်အိတ်ထဲရှိအနီရောင်ဆပ်ပြာခွက်ထဲမှ ဘိန်းဖြူဟုယူဆရသည့် ဖြူ/ဝါမှုန် ့အလေးချိန်(၉)ဂရမ်ပါ(၁)ခွက်နှင့်ကော်ဗူးငယ်ထဲမှ(၂)ဂရမ်ပါ(၁)ဗူး စုစုပေါင်းဘိန်းဖြူအလေးချိန်(၁၁)ဂရမ်အားရှာဖွေတွေ ့ရှိခဲ့သဖြင့်ဥပဒေနှင့်အညီသိမ်းဆည်းခဲ့ကြသည်။

ထို ့ကြောင့် မရီရီခိုင်(ခ)ပူစူး(၃၇)နှစ်(ဘ)ဦးခင်အောင်ရပ်ကွက်(၂)နန် ့မွန်းမြိ့ုနေထိုင်သူနှင့် ရဲဝင်းထွန်း(ခ)မောင်ကြီး(၃၆)နှစ်(ဘ)ဦးမြင့်အောင် ရပ်ကွက်(၂)နန် ့မွန်းမြိ့ုနေထိုင်သူတို ့အား လုံးတုံနယ်မြေရဲစခန်းမှ မယ(ပ)၄၃/၂၀၂၀ ပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြိ့ုနယ်တွင်မူးယစ်ဆေးဝါးရောင်းချသူနှင့်သုံးစွဲသူများအားသက်ဆိုင်ရာမှဖမ်းဆီးလျက်ရှိပေရာ နေရာအနှံ ့တွင်ဖမ်းဆီးရရှိမှုများတွေ ့ရှိနေရသဖြင့် နိုင်ငံတော်၏အနာဂတ်မျိုးဆက်သစ်တို ့အတွက်စိုးရိမ်ရမည့်အနေအထားတွေ ့မြင်ရသဖြင့် ဒေသခံပြည်သူအပေါင်းတို ့မှသက်ဆိုင်ရာအဖွဲ ့အစည်းများနှင့်ပူးပေါင်း၍မူးယစ်ဆေးဝါးအန္တရာယ်အားတိုက်ဖျက်သင့်ပါကြောင်းအကြံပြုရေးသားအပ်ပါသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here