ငွေကျပ်သိန်း(၃၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

409

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြိ့ုနယ် မော်လူးနယ်မြေရဲစခန်းအပိုင်တွင် ငွေကျပ်သိန်း(၃၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သြဂုတ်(၃) AlinnMyay(အလင်းမြေ)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြိ့ုနယ် မော်လူးနယ်မြေရဲစခန်းအပိုင်နယ်မြေတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းရှာဖွေရာမှ ငွေကျပ်သိန်း(၃၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ဖြင့် ဥပဒေနှင့်အညီဆောင်ရွက်ကာ ထွက်ပြေးလွတ်မြောက်သွားသူများအားဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိပေသည်။

ဖြစ်ပွါးပုံမှာ သြဂုတ်လ(၁)ရက်နေ့ ညနေ(၅)နာရီအချိန်ခန် ့တွင် ကသာမြိ့ုမူးယစ်တပ်ဖွဲ ့စု(၆)မှ ဒုရဲမှူးမျိုးမင်း ရဲအုပ်ကျော်မြင့်ထွန်းနှင့်တပ်ဖွဲ့ဝင်များသည်မော်လူးနယ်မြေရဲစခန်းမှ ရဲအုပ်သက်ဦးမောင်နှင့်တပ်ဖွဲ ့ဝင်များပူးပေါင်း၍သက်သေများဖြစ်သော မန်လည်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမျိုးဇော် မော်လူးမြိ့ု မင်းသုခရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးလွင်ဦး တို ့နှင့်အတူ အင်းတော်မြိ့ုနယ် မန္တလေး-ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်၊ မော်လူးမြိ့ုနှင့် နန့်စီးအောင်ကျေးရွာကြားတွင် မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုစဉ် မော်လူးမြိ့ုဘက်မှ နန် ့စီးအောင်ကျေးရွာဘက်သို ့မောင်းနှင်လာသော YGN-2M/8027 နံပါတ်ပါ အဖြူရောင် AD Van အမျိုးအစား မော်တော်ယာဉ်အားတားဆီးရာ ရပ်တန် ့မပေးဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ မံဟဲကျေးရွာလမ်းခွဲအနီးတွင် ယာဉ်အားရပ်တန့်ထားသည်ကိုတွေ့ရှိရသော်လည်းယာဉ်ပေါ်မှ အမျိုးသား(၃)ဦးမှာ လမ်းဘေးတောအတွင်းထွက်ပြေးသွားသည်ကိုတွေ ့ရှိရသဖြင့် ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်နေစဉ် ည(၇)နာရီ အချိန်တွင် နန့်စီးအောင်ဘက်မှမောင်းနှင်လာသော MDY-2H/5952 နံပါတ်ပါ အဖြူရောင် MARK II အမျိုးအစားမော်တော်ယာဉ်သည် ပူးပေါင်းစစ်ဆေးရေးအဖွဲ့အားတွေ့ရှိပြီး နောက်ကြောင်းပြန်လှည့် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ နန့်စီးအောင်ကျေးရွာ သစ်ကွင်းအနီးတွင် ဖမ်းဆီးရမိခဲ့သဖြင့် သက်သေများရှေ ့တွင်စစ်ဆေးခဲ့ကြရာယာဉ်ပေါ်တွင် တူးဂျာ(ခ)မာတူး မာဂမ်(ခ)မာဘရမ် နှင့် ဒီးလာ တို ့(၃)အား တွေ့ရှိရသဖြင့်စစ်ဆေးမှုပြုခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို ့(၃)ဦးသည်အစောပိုင်းကထွက်ပြေးသွားသည့် AD Van အမျိုးအစားမော်တော်ယာဉ်နှင့်အတူလာသည့်တစ်ဖွဲ့တည်းဖြစ်ကြောင်းသိရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းကာ AD Van အမျိုးအစား မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်မှ Love is Flower စာတန်းပါ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသည့် ဖြူ/ဝါမှုန် ့အလေးချိန်(10)ဂရမ်စီပါ ဆပ်ပြာခွက်(၂၂၀)ခွက် စုစုပေါင်းအလေးချိန်(2.2)ကီလို(ဒေသပေါက်ဈေးအရတန်ဖိုးငွေ ကျပ်၂၂၀၀ သိန်း)နှင့်အပြာရောင်ကပ်ခွါအိတ်များအတွင်းမှ တံဆိပ်မပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၉၀)ပြားစီပါ (၆၀)ထုပ် စုစုပေါင်းဆေးပြား(၁၁၄၀၀)ပြား(ဒေသပေါက်ဈေးအရတန်ဖိုးငွေကျပ် ၅၇၀ သိန်း)နှင့် အဝါရောင်တိတ်များနှင့်ပတ်ထားသည့်အနက်ရောင်ကြွပ်ကြွပ်အိတ်များထဲမှ ဘိန်းစိမ်းဟုယူဆရသည့် အမည်းရောင်အစေး(1.8)ကီလိုဂရမ်ပါ(၁)ထုပ် (1.5)ကီလိုဂရမ်ပါ(၂)ထုပ် (1.2)ကီလိုဂရမ်ပါ(၂)ထုပ် (1)ကီလိုဂရမ်ပါ(၁)ထုပ် စုစုပေါင်း(၆)ထုပ်အတွင်းမှ စုစုပေါင်းအလေးချိန်(8.2)ကီလိုဂရမ် (ဒေသပေါက်ဈေးတန်ဖိုးငွေကျပ်၂၄၆ သိန်း)တို့အား တွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ကြသည်။

ထို ့ကြောင့် မာဂမ်(ခ)မာဘရမ်(၃၅)နှစ်(ဘ)ဦးစိန်ဟန်ဂျွန် ပုန်းဝေါ်ကျေးရွာ မုန်ကိုးမြိ့ုနယ်၊တူးဂျာ(ခ)မာတူး(၂၇)နှစ်(ဘ)ဦးမာတောင် ရေဝင်ကျေးရွာ ကုန်းကြီးကျေးရွာအုပ်စု နောင်ချိုမြိ့ုနယ်နေထိုင်သူနှင့်ဒီးလာ(၂၂)နှစ်(ဘ)ဦးလှဆန်း ဟူကြီးကျေးရွာ ဝင်ဆိုင်ကျေးရွာအုပ်စု မုန်ကိုးမြိ့ုနယ်နေထိုင်သူတို ့နှင့်ထွက်ပြေးတိမ်းရှောင်သွားသော မာအောင်(၂၄)နှစ်(ဘ)ဦးဂိမ်ဟန်ဂွမ်း မုန်းပေါ်ကျေးရွာ မုန်ကိုးမြိ့ုနယ်၊မာဘုန်း(၂၄)နှစ်(ဘ)ဦးခမ်းတွေမုန်းပေါ်ကျေးရွာ မုန်ကိုးမြိ့ုနယ်နေထိုင်နှင့် လွန်လုံး (စုံစမ်ဆဲ)မြစ်ကြီးမြိ့ုနေထိုင်သူတို ့အား မော်လူးနယ်မြေရဲစခန်းမှ မယ(ပ)၄၆/၂၀၂၀ ပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသောတရားခံများအားဖမ်းဆီးရမိရေးနှင့် ကွင်းဆက်များဖော်ထုတ်နှိုင်ရေးအတွက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here