ဧရာဝတီမြစ်အတွင်းရှော့ခ်တိုက်ငါးဖမ်းစက်လှေ၅စီးမှတစ်စီးဖမ်းမိ

500

ဧရာဝတီမြစ်အတွင်းရှော့ခ်တိုက်ငါးဖမ်းစက်လှေ၅စီးမှတစ်စီးဖမ်းမိ

သြဂုတ်(၃) AlinnMyay(အလင်းမြေ)

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့အနီးဧရာဝတီမြစ်အတွင်း လျှပ်စစ်ရှော့ခ်တိုက်ငါးဖမ်းနေသော မန္တလေးတိုင်းစဉ့်ကူးမြို့နယ်အတွင်းမှ စက်လှေ ၅စီးကိုပူးပေါင်းအဖွဲ့ကလိုက်လံဖမ်းဆီးရာစက်လှေတစ်စီး နှင့်အတူလူ၂ဦးဖမ်းမိကြောင်းစစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးမိုးကျော်သူထံမှသိရသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ သြဂုတ်လ၃ရက်နံနက်၁နာရီခွဲခန့်ကစက်လှေ တစ်စီးမိပြီးလေးစီးလွတ်မြောက်နေရာ ဖမ်းမိသူ၂ဦးကိုဥပဒေနှင့်အညီအရေးယူနိုင်ရန်နှင့် ဆက်စပ်တရားခံများဖော်ထုတ်နိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြောင်းဝန်ကြီးဦးမိုးကျော်သူ၏လူမှုကွန်ရက်တွင်ရေးသားဖော်ပြထားသည်။

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ ဧရာဝတီမြစ်အတွင်း လျှပ်စစ်ရှော့ခ်တိုက်ငါးဖမ်းနေသောစက်လှေကို ကျောက်မြောင်းမြို့ရဲတပ်ဖွဲ့သြဂုတ်လ၂ရက်ည၁၁နာရီကျော်ကလိုက်လံဖမ်းဆီးရာ တဖက်ကမ်းမန္တလေးတိုင်းဘက်သို့ထွက်ပြေးသွားရာ စက်လှေနှင့်ဆက်စပ်ပစ္စည်းများအားသိမ်းဆည်းခဲ့ပြီးတရားခံများဖော်ထုတ်နိုင်ရေးဆက်လက်ဆောင်ရွက်ရာဖမ်းမိခြင်းဖြစ်သည်။

မျိုးဝင်းထွန်း (မုံရွာ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here