ရှေ့မှမောင်းနှင်နေသောယာဉ်အားကျော်တတ်စဉ်မျက်နှာချင်းဆိုင်မှလာသောယာဉ်အားဝင်တိုက်

560

ရှေ့မှမောင်းနှင်နေသောယာဉ်အားကျော်တတ်စဉ်မျက်နှာချင်းဆိုင်မှလာသောယာဉ်အားဝင်တိုက်

သြဂုတ်(၃) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပင်းတလဲကျောင်းကွေ့ ၊ ရန်ကုန်မန္တလေးကားလမ်းမိုင်တိုင်အမှတ်(၉၁/၅)နှင့် (၉၁/၆)အကြားတွင်ဩဂုတ်၂ရက်ညပိုင်းကယာဉ်တိုက်မှုဖြစ်ပွားကြောင်း ပြွန်တန်ဆာနယ်မြေရဲစခန်းမှသိရသည်။

အခင်းဖြစ်ရပ်သို့ ပြွန်တန်ဆာနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များကသက်‌သေများနှင့်အတူရောက်ရှိစစ်ဆေးရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ အာကာဟိန်း(၁၉)နှစ် မောင်းနှင်ပြီး နောက်တွင် ရဲတပ်သား မှူးသက်ပိုင်(၂၁)နှစ် လိုက်ပါစီးနင်းလာသည့် ၄၁ယ/ —— Honda Wave Alpha 110 ထိုင်းနိုင်ငံလုပ်၊ အနက်ရောင် ဆိုင်ကယ်သည် ပင်းတလဲကွေ့အရောက်တွင် လားရာတူရှေ့မှ မောင်းနှင်နေသော ယာဉ်အား ကျော်တက်မောင်းနှင်စဉ် လမ်းလယ်သို့ရောက်ရှိကာ မျက်နှာချင်းဆိုင် ယာဉ်ကြောအတိုင်း သန့်ဇင်ဦး (၄၄)နှစ်၊ ယာဉ်မောင်း၊ မြောက်ဒဂုံမြို့၊ ရန်ကုန်တိုင်း ဒေသကြီးနေသူမောင်းနှင်ပြီး မျိုးဇင်ထွေး (၂၆)နှစ်၊ ယာဉ်နောက်လိုက်၊

မြောက်ဒဂုံမြို့၊ ရန်ကုန်တိုင်းဒေသကြီးနေသူ လိုက်ပါလာသည့် YGN 9K/—— Hino (၈)ဘီး အဖြူရောင် ဆီဘောက်ဆာယာဉ်၏ ဝဲဘက်ခြမ်းဘန်ကာနှင့် တိုက်မိပြီး ဆိုင်ကယ်တိမ်းမှောက် ခဲ့ရာ သန့်ဇင်ဦးနှင့် မျိုးဇင်ထွေး တို့တွင် ဒဏ်ရာရရှိမှုမရှိသော်လည်း အာကာဟိန်း လျှပ်စစ်(၄)လမ်း၊ ကျောက်တံခါးမြို့နေသူတွင်ဝဲလက်မောင်းဖူးရောင်နာကျင်၊ ဝဲဒူးပေါက်ပြဲ၊ ဝဲခါးပွန်းပဲ့၊ ဝဲခြေသလုံးဖုရောင်နာကျင်၊ဝဲနားပေါက်ပြဲသွေးထွက်၊ ယာနားထင်ပွန်း၊ ဝဲပါးပွန်းဒဏ်ရာ (အတွင်းလူနာ/စိုးရိမ်ရ)နှင့်ရဲတပ်သား မှူးသက်ပိုင်ကျောက်တံခါးမြို့မရဲစခန်း၊ ကျောက်တံခါးမြို့နေသူတွင် ဝဲခြေသလုံးဖုရောင်နာကျင်၊ ဝဲခြေကျင်းဝတ်ဖုရောင်နာကျင်(အတွင်းလူနာ/စိုးရိမ်ရ)ဒဏ်ရာများရရှိကာရဲဆေးစာဖြင့် ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းရဲမှတ်တမ်းအရသိရသည်။

သို့ဖြစ်ပါ၍ ယာဉ်မောင်းနှင်သူ အာကာဟိန်းနှင့် သန့်ဇင်ဦးတို့(၂)ဦးအား ပြွန်တန်ဆာနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၁၃/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အ‌ ရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here