ပုသိမ်-မုံရွာလမ်းမပေါ်တွင် ရဲအုပ်တဦး ဒဏ်ရာဖြင့် သေဆုံး

664

ပုသိမ်-မုံရွာလမ်းမပေါ်တွင် ရဲအုပ်တဦး ဒဏ်ရာဖြင့် သေဆုံး

သြဂုတ်(၂) AlinnMyay(အလင်းမြေ)

ပြည်မြို့နယ်၊ပေါင်းတလည်နယ်မြေရဲစခန်းမှ စခန်းမှုး ရဲအုပ်တဦး ပုသိမ်-မုံရွာလမ်းပေါ်တွင် သေဆုံးနေသည့်ဖြစ်စဉ်တခု သြဂတ်လ ၁ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ပေါင်းတလည်နယ်မြေရဲစခန်းမှုးအဖြစ်တာဝန်ထမ်းဆောင်နေသူ ရဲအုပ်ကျော်ကျော်လင်းဆိုသူဖြစ်ပြီး ယာဘက်နားထင်သွေးယိုစီးဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။

မကွေးတိုင်း၊ကံမမြို့နယ်၊အလယ်ချောင်းကျေးရွာအနီး၊မိုင်တိုင် အမှတ် ၁၄၇/၆နှင့် ၁၄၇/ရအကြားတွင် Suzuki ၊SWIFT အမျိုးအစားကားတစ်စီးသည် သြဂတ်လ ၁ရက်နံနက်ပိုင်းတည်းက ရပ်တန့်ထားသည်ကို ဒေသခံများတွေ့ရှိခဲ့ပြီး ညနေပိုင်းအထိ ထိုနေမှ မထွက်ခွာပဲရပ်တန့်ထားသဖြင့် အလယ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှုးမှ ညနေ ၅နာရီခန့်တွင် နယ်မြေခံစခန်းသို့ အကြောင်းကြားခဲ့သည်။နယ်မြေခံရဲစခန်းမှ ကားမှန်ကိုခွဲပြီး ကြည့်ရာမှ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်သည်။သေဆုံးသူအနီး၌ ခြောက်လုံးပူးတလက်နျင့်အတူ ကျဉ်ဆံလေးတောင့်၊ကျဉ်ခွံနှစ်ခုတွေ့ရသည်ဟု ဒေသခံများမှ ဆိုသည်။

“နောက်တော့ ဆေးရုံပို့လိုက်တော့ ဒဏ်ရာကို ဆေးရုံရောက်မှ တွေ့တာ၊အဲဒီကျမှ ကျနော်လည်း ဆေးရုံရောက်မှ သေနတ်ဒဏ်ရာတွေပတယ်လို့ သတင်းပို့ရတယ်”ဟု အလယ်ကျောင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင်ငြိမ်းမှပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အလယ်ချောင်းနယ်မြေရစြခန်းမှ နယ်ထိန်းတဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here