မိုးညှင်းဗဟိုအကျဉ်းထောင်တွင်ထောင်လှန့် ဇာတ်တိုက်ခြင်းနှင့် ရှာဖွေရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်

498

မိုးညှင်းဗဟိုအကျဉ်းထောင်တွင်ထောင်လှန့် ဇာတ်တိုက်ခြင်းနှင့် ရှာဖွေရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်

မိုးညှင်း/သြဂုတ်(၂) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြိ့ုနယ် မိုးညှင်းဗဟိုအကျဉ်းထောင်တွင် သြဂုတ်လ(၂)ရက်နေ ့နံနက်(၆)နာရီအချိန်ကထောင်လှန် ့ဇာတ်တိုက်ခြင်းနှင့်ရှာဖွေရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းအားစီမံချက်များချမှတ်သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

အစီအစဉ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ ့မိုးညှင်းခရိုင်ရဲတပ်ဖွဲ ့မှူးရုံးမှဒုရဲမှူးဝင်းကျော်အောင်နှင့်တပ်ဖွဲ ့ဝင်(၁၈)ဦး မိုးညှင်ဗဟိုအကျဉ်းထောင်မှ တာဝန်ခံအရာရှိနိုင်စိုးလင်း(ဒုတိယညွှန်ကြားရေးမှူး)နှင့်ထောင်ဝန်ထမ်း(၆၇)ဦးတို ့သည် လက်နက်ကရိယာအပြည့်အစုံဖြင့် ထောင်လှန် ့ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး ဆင်လက်၍ မိုးညှင်းဗဟိုအကျဉ်းထောင် အိပ်ဆောင်အမှတ်(၁)တွင်အထူးရှာဖွေရေးလုပ်ငန်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲကြသည်။

အဆိုပါ ထောင်လှန် ့ဇာတ်တိုက်ခြင်းနှင့်ရှာဖွေရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို သက်ဆိုင်ရာ၏ညွှန်ကြားချက်အတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ ့နှင့် အကျဉ်းထောင် အချုပ်ထောင်နှင့်အကျဉ်းစခန်းမှဝန်ထမ်းများပူးပေါင်း၍တစ်လလျှင်တစ်ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here