စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း တာရိုးကျိုးပေါက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်း

512

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း တာရိုးကျိုးပေါက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်း

ဇူလိုင် (၃၁) AlinnMyay(အလင်းမြေ)

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်း၊ စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း၊ ရွှေဂဲ ရေဆိုးထုတ်စက်ရုံ စီမံကိန်းအနီး၊ တာရိုးအောက်ခြေမှ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ ညနေပိုင်းတွင် စတင် ရေစိမ့်ထွက်ကာ၊ ကလိုင်ပေါက်ဖြစ်ပေါ်ရာမှ တစ်ဆင့် တာရိုးကျိုးပေါက်သွားခဲ့ပြီး တာရိုးအောက်ဘက်ရှိ ရပ်ကွက်အတွင်း မြေနိမ့်ဒေသမှ လူနေအိမ်များ ရေနစ်မြုတ်သည် အထိဖြစ်ပွားခဲ့ပါသည်။

(တာရိုးအောက်ခြေ ရေစိမ့်ထွက်ခြင်း၊ ကလိုင်ပေါက်ဖြစ်ခြင်း)
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ ညနေပိုင်းတွင် စတင်ကာ တာရိုးအောက်ခြေမှ ရေစိမ့်ထွက်၍ ကလိုင်ပေါက်ဖြစ်ပေါ်ပြီး ဧရာဝတီမြစ်ရေများ တာရိုးအောက်ဘက်သို့ စတင် စီးဝင်ခဲ့ပါသည်။

(ရေဝင်ရောက်နိုင်သော ရပ်ကွက်အတွင်းမှ ပြည်သူများကို သတိပေးခြင်း)
တာရိုးကျိုးပေါက်မှုကြောင့် တာရိုးအောက်ဘက်ရှိ လူနေရပ်ကွက်များမှ ပြည်သူများအား တာရိုးစတင်ရေစိမ့်ထွက်သည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ ညပိုင်းတွင် လော်စပီကာများဖြင့် ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရန်နှင့် ရွှေ့ပြောင်းရလွယ်ကူသော ပစ္စည်းများအား ကြိုတင်ရွှေ့ပြောင်းထားကြရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများမှ ရပ်ကွက်များအတွင်းသို့ လှည့်လည် သတိပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

(စတင်ဖြစ်ပွားသည့် ည လာရောက်ကြည့်ရှုစစ်ဆေးခြင်း)
တာရိုးကျိုးပေါက်သောနေရာအား စတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ ညပိုင်းတွင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ နှင့်တကွ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ ဒု-မြို့တော်ဝန်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး၊ လုံနယ်ဝန်ကြီး စသည့် သက်ဆိုင်ရာ ဌာနပေါင်းစုံမှ တာဝန်ရှိအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များ၊ မီဒီယာများနှင့် ပြည်သူအများအပြား လာရောက် ကြည့်ရှုခဲ့ကြသည်။

(ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခြင်း)
တာရိုး အောက်ခြေ ရေစိမ့်ထွက်ခြင်း၊ ကလိုင်ပေါက်ခြင်း စတင်ဖြစ်ပေါ်ချိန် ဇူလိုင်လ (၁၉) ရက်နေ့ ညနေပိုင်းကတည်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ ဒု-မြို့တော်ဝန်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး၊ လုံနယ်ဝန်ကြီး စသည့် သက်ဆိုင်ရာ ဌာနပေါင်းစုံမှ တာဝန်ရှိအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ စုပေါင်းအင်များဖြင့် စက်ယန္တရားကြီးများ၊ ကျောက်များ၊ သဲများဖြင့် တာရိုးအောက်ခြေ ကလိုင်ပေါက်ပိတ်ဆို့နိုင်ရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါသည်။

(တာရိုးကျိုးပေါက်ခြင်း)
ဌာပေါင်းစုံမှ စုပေါင်းအင်အားဖြင့် အစွမ်းကုန်ဆောင်ရွက်ခဲ့သော်လည်း တောက်ရိုးအောက်ခြေ ကလိုင်ပေါက်ကို ပိတ်ဆို့နိုင်ခြင်း မရှိပဲ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ မနက်ပိုင်းတွင် တာရိုးသည် ကျိုးပေါက်သွားသည်အထိ ဖြစ်ပွားခဲ့ပြီး ဧရာဝတီမြစ်ရေသည်လည်း တာရိုးအောက်ဘက် လူနေအိမ်များရှိရာသို့ အရှိအဟုန်ဖြင့် စီးဝင်နေခဲ့ပါသည်။ ဧရာဝတီမြစ်ရေများ စီးဆင်းဝင်ရောက်မှုကြောင့် မြေနိမ့်ဒေသမှ လူနေအိမ် အများအပြား ရေနစ်မြုတ်ခဲ့ရပါသည်။

(ဆက်လက်ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဧရာဝတီမြစ်ရေ စီးဝင်မှုကို ရပ်တန့်စေရန် တားဆီးနိုင်ခြင်း)
တာရိုးကျိုးပေါက်၍ ဧရာဝတီမြစ်ရေများ အရှိန်အဟုန်ဖြင့် တာရိုးအောက်ဘက်သို့ စီးဝင်နေမှုအား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ ဒု-မြို့တော်ဝန်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး၊ လုံနယ်ဝန်ကြီး စသည့် သက်ဆိုင်ရာ ဌာနပေါင်းစုံမှ တာဝန်ရှိအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ စုပေါင်းအင်များဖြင့် စက်ယန္တရားကြီးများ၊ ကျောက်များ၊ သဲများဖြင့် ပိတ်ပင်တားဆီးနိုင်ခဲ့ပါသည်။

(ရပ်ကွက်အတွင်း နစ်မြုပ်နေသော ရေများအား စုပ်ထုပ်ခြင်း)
တာရိုးကျိုးပေါက်၍ လူနေရပ်ကွက်အတွင်း နစ်မြုပ်နေသောရေများအား လျော့နည်းစေရန် နေ့ညမပြတ် ရေစုပ်စက်ကြီးများဖြင့် ဧရာဝတီမြစ်အတွင်းသို့ ပြန်လည် စုပ်ထုတ်နေခဲ့သည်။

(ကျိုးပေါက်ခဲ့သောတာရိုးအား ဆက်လက်ပြုပြင်ထိန်းသိမ်းမှု)
တာရိုးကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေများ စီးဝင်မှုကို ရပ်တန့်စေရန် တားဆီးထိန်းသိမ်းခဲ့ပြီးနောက်၊ ရေများပြန်လည်စိမ့်ထွက်ခြင်းမရှိစေရန်၊ ပြန်လည်ကျိုးပေါက်ခြင်းမရှိစေရန်၊ နေ့ည မပြတ် ဌာနပေါင်းစုံမှ လူအင်အား၊ စက်အင်အားများဖြင့် ပြုပြင်ထိန်းခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်း၊ စစ်ကိုင်း-မန္တလေး ကန်ပတ်လမ်း၊ ရွှေဂဲ ရေဆိုးထုတ်စက်ရုံ စီမံကိန်းအနီး တာရိုးကျိုးပေါက်ခြင်း ဖြစ်စဉ်နေရာအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒေါက်တာ ဝင်းမြတ်အေး၊ စီမံခန့်ခွဲမှု ကော်မတီဝင် ဦးသန့်စင်မောင်၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဦးစိုးအောင်၊ တာဝန်ရှိသူ များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ ဒုမြို့တော်ဝန် ဦးရဲမွန်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း နှင့် တာဝန်ရှိ လူကြီးများ အားလုံးမှ ဧရာဝတီ မြစ်ရေ စတင်စိမ့်ဝင်မှု၊ တာရိုးကျိုးပေါက်မှု၊ ကမ်းနားလမ်းပျက်စီးမှု အခြေအနေ၊ ထပ်မံတိုက်စားပြိုကျပျက်စီးမှုမဖြစ်စေရေး စီမံဆောင်ရွက်နေမှုအခြေအနေ၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအား လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညွှန်ကြားခြင်း၊ ဖြစ်စဉ်အခြေအနေများနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်းမှု အခြေအနေများကို တင်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နေရာအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ ကိုယ်တိုင် အကြိမ်ကြိမ်လာရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဒုမြို့တော်ဝန် ဦးရဲမွန်၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း တို့မှ နေ့စဉ်လာရောက် ကြည့်ရှုစစ်ဆေးနေပြီး နေ့ညမပြတ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here