နတ်မဟုတ်ကလေးကျေးရွာမှ ညီအမ(၂)ဦး ရက်စက်စွာအသတ်ခံရမှု

698

နတ်မဟုတ်ကလေးကျေးရွာမှ ညီအမ(၂)ဦးကို သတ်သည့်တရားခံ ဖမ်းဆီးရမိ

မိုးညှင်း/ဇူလိုင်(၂၃) AlinnMyay(အလင်းမြေ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြိ့ုနယ် နတ်မဟုတ်ကလေးကျေးရွာနေ ညီအမ(၂)ဦးအားရက်စက်စွာအသတ်ခံရမှုအား ကသာခရိုင်ရဲတပ်ဖွဲ ့မှူး၏စီမံခန် ့ခွဲမှု အင်းတော်မြိ့ုမရဲစခန်းမှတပ်ဖွဲ ့ဝင်များ၏ကြိုးစားဖေါ်ထုတ်မှုကြောင့် အမှုဖြစ်ပြီး(၈)ရက်အကြာတွင် တရားခံမှမြိ့ုနယ်တရားရုံးတွင်ဖြောင့်ချက်ပေးဝန်ခံခဲ့ပေသည်။

အမှုဖြစ်စဉ်မှာ ဇူလိုင်လ(၁၃)ရက်နေ ့နေ့လယ်(၁)နာရီအချိန်က မနီလာစိုး နှင့်မသွယ်သွယ်ဟိန်း တို ့ညီအစ်မနှစ်ဦးကို ရက်စက်စွာဓါးဖြင့်ထိုးသတ်ခံထားရသည်ကိုတွေ ့ရှိရသဖြင့် ကသာခရိုင်ရဲတပ်ဖွဲ ့မှူးဒုတိယရဲမှူးကြီးမြင့်သောင်း နှင့်အင်းတော်မြိ့ုမရဲစခန်းမှတပ်ဖွဲ ့ဝင်များမှကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မသင်္ကာတရားခံအဖြစ် နတ်မဟုတ်ကလေးကျေးရွာ‌နေသန်းထွန်း(ခ)အံထော် ဖမ်းဆီးစစ်ဆေးခဲ့ကြသည်။

အဆိုပါအမှုအား ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမြင့်သောင်း ဦးစီးသောရဲတပ်ဖွဲ့ဝင်(၁၃)ဦးတို ့မှအထူးအမှုစစ်အဖွဲ့ဖွဲ့စည်းကာ‌စစ်ဆေးခဲ့ရာ သန်းထွန်း(ခ) အံထော်မှာ ငြင်းကွယ်မှုပြုခဲ့သော်လည်း ရဲတပ်ဖွဲ ့ဝင်တို ့၏ပါးနပ်စွာစစ်ဆေးမှုကြောင့် သန်းထွန်း(ခ)အံထော် မှာဆက်လက်ငြင်း ကွယ်နှိုင်ခြင်းမရှိဘဲ ဇူလိုင်လ(၁၅)ရက်နေ ့တွင်ဝန်ခံမှုပြုခဲ့သဖြင့် အခင်းဖြစ်စဉ်ကအသုံးပြုခဲ့သောသက်သေခံပစ္စည်းများရှာဖွေဖော်ထုတ်သိမ်းဆည်းခဲ့ကြပြီးသေဆုံးသူညီအစ်မနှစ်ဦး၏မိခင်ဒေါ်တင်ဖြူဦးကတရားလိုပြုလုပ်ကာအမှုဖွင့်လှစ်ခဲ့သဖြင့် အင်းတော်မြို့မရဲစခန်မှ(ပ)၅၆/၂၀၂၀ ပုဒ်မ(၃၀၂)ဖြင့်အမှုဖွင့်ခဲ့သည်။

လူသတ်မှုကျူးလွန်သူ သန်းထွန်း(ခ)အံထော်၏အစစ်ခံချက်အရ ၎င်းသည် နတ်မဟုတ်ကလေးကျေးရွာအနောက်ဖက်(၁)ဖာလုံခန့်အကွာရှိ အစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တွင်သူရင်းငှားအလုပ်လုပ်ကိုင်နေခဲ့ကြောင်းဇူလိုင်လ(၁၃)ရက်နေ ့နေ့လယ်(၁)နာရီခန့်အချိန်ခန် ့ကဦးနှင်းအောင်၏အခင်းတောထဲ၌၎င်းစုပုံထားသောထင်းချောင်းအခြောက်များ အားယူဆောင်ရန်သွားစဉ်ထင်းများစုပုံထားသောနေရာမှတစ်ဖာလုံခန့်အကွာတွင်တစ်ရွာထဲနေ ဦးသိန်းသန်းစိုး(ခ)မောင်စိုး၏သမီးနှစ်ယောက်ဖြစ်သောမနီလာစိုး(၁၇)နှစ် နှင့်မသွယ်သွယ်ဟိန်း(၁၃)နှစ်တို့နှစ်ဦးမှာ၎င်းစုပုံထားရှိသောထင်းတုံးန‌ှင့်ထင်း‌ချောင်းတို့အားသယ်‌ဆောင်လာသည်ကိုတွေ ့ရသဖြင့်အခြေအတင်စကားများရာမှ အငယ်မဖြစ်သူမသွယ်သွယ်ဟိန်းကရိုင်းစိုင်းစွာဆဲဆိုခဲ့သဖြင့်၎င်းမှစိတ်ရိုင်းများဝင်ကာမသွယ်သွယ်ဟိန်း၏ညာဘက်နားထင်အားညာလက်ဖြင့်ရိုက်ချခဲ့ကြောင်းထို့နောက် ဓါးဦးချွန်ဖြင့်မသွယ်သွယ်ဟိန်း၏ဝမ်းဗိုက်အားအရင်ဆုံးထိုးခဲ့ကြောင်းထို့နောက်အကြီးမဖြစ်သူမနီလာစိုး မှာလည်းအနားကပ်လာသဖြင့် ဓါးဦးချွန်ဖြင့်ထိုးခဲ့‌ကြောင်းထိုသို ့ဓါးဖြင့်ထိုးခဲ့သဖြင့် ညီအမနှစ်ဦးမှာလမ်းဘေးခြုံပုတ်အတွင်း လဲကျသွားခဲ့ကြောင်ထိုအခါသူမတို့နှစ်ဦး၏ခန္ဓာကိုယ်အနှံ ့အားဓါးဖြင့်းအဆက်မပြတ်ထိုးခဲ့ပြ‌ီးအစ်ကိုဖြစ်သူဦးထွန်းနွဲ၏လယ်တဲသို့ပြန်လာခဲ့ကြောင်းအခင်းဖြစ်နေရာတွင်၎င်းစီးနင်းသည့်နံပါတ်(၁၀)ခွဲ အဝါရောင်သဲကြိုးပါရှိုးဝါးအမျိုးအစားဖိနပ်တစ်ဖက်ကျန်ရစ်ခဲ့ကြောင်းညာဘက်ဖိနပ်မှာမည်သည့်နေရာတွင်ကျန်ခဲ့သည်ကိုမမှတ်မိကြောင်းဝန်ခံထွက်ဆိုခဲ့သည်။

ထို ့ကြောင့် ကသာခရိုင်ရဲတပ်ဖွဲ ့မှူး ဒုတိယရဲမှူးကြီးမြင့်သောင်း မှုခင်းနှိမ်နင်းရေးဋ္ဌာနစိတ်မှရဲအုပ်သက်နိုင်ဦးရဲအုပ်တင်မျိုးထွဋ်နှင့်တပ်ဖွဲ ့ဝင်များ အင်းတော်မြိ့ုနယ်ရဲတပ်ဖွဲ ့မှူးရဲမှူးမျိုးအေးဆွေနှင့်တပ်ဖွဲ ့ဝင်များ အင်းတော်မြိ့ုမရဲစခန်းခေတ္တစခန်းမှူးရဲအုပ်စိန်ရ နယ်ထိန်းအရာရှိရဲအုပ်မင်းအောင်နှင့်တပ်ဖွဲ ့ဝင်များသည် တရားခံသန်းထွန်း(ခ)အန်ထော် ပြစ်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့သော သက်သေခံဓါးနှင့်အကျႌများကိုလိုက်လံပြသစေခဲ့ပြီးနောက် ပြစ်မှုကျူးလွန်သူ သန်းထွန်း(ခ)အံထော်(၄၀)နှစ်(ဘ)ဦးချစ်ဆွေ နတ်မဟုတ်ကလေးကျေးရွာ အင်းတော်မြိ့ုနယ် နေထိုင်သူမှဇူလိုင်လ(၂၁)ရက်နေ့တွင်အင်းတော်မြိ့ုနယ်တရားသူကြီးရှေ့မှောက်ဖြောင့်ချက်ပေးဝန်ခံခဲ့ကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here