မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ အမျိုးသားနှစ်ဦးဖမ်းဆီးရမိ

656

မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ အမျိုးသားနှစ်ဦးဖမ်းဆီးရမိ

မိုးညှင်း/ဇူလိုင် (၁၉) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြိ့ုနယ် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းတွင် ဆိုင်ကယ်စီးနှင်လာသူအမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့သဖြင့်ဥပဒေနှင့်အညီ အရေးယူထားခဲ့သည် ။

ဖြစ်ပွါးပုံမှာ ဇူလိုင်(၁၇)ရက်နေ့ နေ့လယ်(၂)နာရီ(၄၅)မိနစ်အချိန်ခန့်တွင် မိုးညှင်းမြိ့ု မူးယစ်တပ်ဖွဲ့စု(၃)မှရဲအုပ်ဝင်းကျော်ကျော်နှင့်တပ်ဖွဲ ့ဝင်များသည်သက်သေများဖြစ်သော ပင်လုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသာစိုးနှင့်အဖွဲ့ဝင်များ၊နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တာဝန်ခံရဲအုပ်ဘုန်းမြင့်ကြွယ်နှင့်ပူးပေါင်း၍မော်တော်ယာဉ်ဝင်ထွက်မှုများကို ရှာဖွေစစ်ဆေးဆောင်ရွက်နေစဉ်မော်ဟန်ကျေးရွာဘက်မှ နန့်စီးအောင်ကျေးရွာဘက်သို့ရဲအောင် မောင်းနှင်ပြီး ရဲထက်အောင် လိုက်ပါလာသည့် CANDA-125 အနက်ရောင်ဆိုင်ကယ်အားရပ်တန့်ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို ့ရှာဖွေစစ်ဆေးရာ ရဲထက်အောင် ဦးခေါင်းတွင်ဆောင်းထားသည့် အနက်ရောင်ရှာထိုးဦးထုပ်အတွင်းမှအနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လျှက်Grand Roal စာတမ်းပါအဖုံးပိတ်ကော်ဗူးအတွင်းမှဘိန်းဖြူဟုယူဆရသော ဖြူ/ဝါးကြားအမှုန့် အလေးချိန်(၃)ဂရမ်ခန့်ပါ (၁)ဗူး၊ 88/1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၄၀)ပြားပါ(၁)ထုပ်တို့အားရှာဖွေတွေ ့ရှိခဲ့သဖြင့် ရဲအုပ်ဝင်းကျော်ကျော်မှ သက်သေခံပစ္စည်းများအား သက်သေများရှေ့မှောက်မှာရှာဖွေပုံစံဖြင့်ရေးသွင်းသိမ်းဆည်းခဲ့ကြသည်။ ။

ထို ့ကြောင့် ရဲအောင်(၂၇)နှစ်(ဘ)ဦးဖိုးဇော် အလယ်ကျွန်းကျေးရွာ အင်တော်မြိ့ုနယ် စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူနှင့် ရဲထက်အောင်(၂၁)နှစ်(ဘ)ဦးကျော်အေးအလယ်ကျွန်းကျေးရွာ အင်းတော်မြိ့ုနယ်နေထိုင်သူတို့နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်းမှမယ(ပ)၁၂၂/၂၀၂ဝပုဒ်မ ၁၉(က)/၂၁အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here