မိုးညှင်းမြို့နယ်မှာ သေပုံဆန်းပြားတဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ

635

မိုးညှင်းမြို့နယ်မှာ သေပုံဆန်းပြားတဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိ

မိုးညှင်း/ဇူလိုင် (၁၇) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြိ့ုနယ် ပင်းဟဲကျေးရွာနေအမျိုးသားတစ်ဦး သေဆုံးပုံဆန်းပြားမှုဖြင့်သေဆုံးနေသဖြင့်မိုးညှင်းမြိ့ုမရဲစခန်းမှ သေမှုသေခင်းရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

ဖြစ်ပွါးပုံမှာ ဇူလိုင်လ(၁၇)ရက်နေ ့ညနေ(၄)နာရီအချိန်ခန် ့တွင် ပင်းဟဲကျေးရွာတွင်လူငယ်တစ်ဦးသေဆုံးနေကြောင်းသတင်းရရှိသဖြင့်မိုးညှင်းမြိ့ုမရဲစခန်းမှူးဒုရဲမှူးဝင်းအောင်ကျော် တာဝန်မှူးဒုရဲအုပ်အောင်ငြိမ်းချမ်းနယ်ထိန်းအရာရှိဒုရဲအုပ်ကျော်မင်းနိုင် ဒုတပ်ကြပ်ရဲထက်မင်းလွင် တပ်သားကျော်နိုင်ဝင်းတို ့သည်သက်သေများဖြစ်သော ပင်းဟဲကျေးရွာအုပ်ချုပ်ရေးမှူးဦးနိုင်နိုင်ဦးရာအိမ်မှူးဦးဇော်ထွန်းတို ့နှင့်အတူအခင်းဖြစ်နေအိမ်သို ့သွားရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချက်အရသေဆုံးသူမှာ လင်းထိုက်ဇော် ဆိုသူဖြစ်ပြီး ၎င်းသည် နေအိမ်အိပ်ခန်းထုပ်တန်းတွင်ပေ(၂၀)ခန် ့ရှိပလပ်စတစ်ကြိုးအားချည်ပြီးတစ်ဖက်အစနှစ်ဖက်တွင် ခရမ်းရောင်မျက်နှာသုတ်ပုဝါအားချည်နှောင်ထားပြီးအဆိုပါတဘက်ပေါ်တွင်ဦးခေါင်းတင်လျက် ပက်လက်အနေအထားသေဆုံးနေသည်ကိုတွေ ့ရှိရကာ လင်းထိုက်ဇော်၏ဦးလေးဖြစ်သူဦးအောင်ဝင်း၏ပြောကြားချက်အရ လင်းထိုက်ဇော်သည် တစ်ယောက်တည်းနေထိုင်သူဖြစ်ပြီးမူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ကာ၎င်း၏ဇနီးဖြစ်သူမှာတရုတ်ပြည်တွင်အလုပ်လုပ်နေသဖြင့်ဦးလေးဖြစ်သူ ဦးအောင်ဝင်းမှနေ ့စဉ်ထမင်းပို ့ပေးရကြောင်း ဇူလိုင်လ(၁၇)ရက်နေ ့ညနေ(၃)နာရီ(၄၀)မိနစ်အချိန်တွင် ထမင်းပို ့စဉ် လင်းထိုက်ဇော်မှာသေဆုံးနေသည်ကိုတွေ ့ရှိရကြောင်းပေါ်ပေါက်ခဲ့သည်။

ထို ့ကြောင့် ဒုရဲမှူးဝင်းအောင်ကျော်မှတရားလိုပြုလုပ်အမှုဖွင့်လှစ်ပြီး သေဆုံးသူ လင်းထိုက်ဇော်(၂၆)နှစ်(ဘ)ဦးကြာဝင်း ပင်းဟဲကျေးရွာ မိုးညှင်းမြိ့ုနယ်နေထိုင်သူအားရဲဆေးစာဖြင့်မိုးညှင်းခရိုင်ဆေးရုံသို ့ပို ့ဆောင်ပြီးမိုးညှင်းမြိ့ုမရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၃/၂၀၂၀)ဖြင့်ရေးဖွင့်ထားကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here