(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမှတ်တရစာအုပ်များ အခမဲ့ ဖြန့်ဝေ

864

(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမှတ်တရစာအုပ်များ အခမဲ့ ဖြန့်ဝေ

ဇူလိုင်(၁၇) AlinnMyay(အလင်းမြေ)

(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမှတ်တရစာအုပ်များ ထုတ်ဝေကာ အခမဲ့ ဖြန့်ဝေပေးလျှက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာတွင် ဇူလိုင်လ (၁၇)ရက်နေ့က ဖော်ပြထားသည်။

အဆိုပါ သတင်းဖော်ပြချက်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အမှတ်တရစာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာဘာသာဖြင့် အုပ်ရေ ငါးသောင်းနှင့် အင်္ဂလိပ်ဘာသာဖြင့် အုပ်ရေ ငါးထောင်ကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း၊

အဆိုပါ အမှတ်တရစာအုပ်တွင် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိများ၊ ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း၏ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး၌ နောက်ဆုံးပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အာဇာနည်ဗိမာန် လေးချိုးကြီး၊ ဗိုလ်ချုပ် အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ အာဇာနည်နေ့အမှတ်တရစကား၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ၏ ဆုတောင်းစကား၊ အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နု၏ မိန့်ခွန်း၊ ဆရာဇော်ဂျီ၏ ပြောလိုက်ပါဘိ ဟောပါဘိ ကဗျာ၊ ဆရာတင်မိုး၏ အောင်ဆန်းစသော မျိုးချစ် သူရဲကောင်းများသို့ ကဗျာ၊ ဆရာဒဂုန်တာရာ၏ ဘဝပုံသဏ္ဌာန်နှင့် ပထမအရွယ် ဆောင်းပါး၊ ဆရာမင်းသုဝဏ်၏ ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့် ပစ္စုပ္ပန်) ကဗျာ စသည်ဖြင့် ပြည်သူများ သိမှတ်ဖွယ်ရာ၊ မှတ်သားဖွယ်ရာ အကြောင်းအရာများ စုံလင်စွာ ပါရှိကြောင်း၊

(၇၃)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အမှတ်တရစာအုပ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအား ဇူလိုင်လ (၁၇)ရက်နေ့မှစ၍ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်း/ဓာတ်ပုံ – ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here