ညသန်းခေါင်ယံအချိန်တွင်အလှပြင်ဆိုင်းဘုတ်အားခဲဖြင့်ထုခံရမှုဖြစ်ပွား

87

ညသန်းခေါင်ယံအချိန်တွင်အလှပြင်ဆိုင်းဘုတ်အားခဲဖြင့်ထုခံရမှုဖြစ်ပွား

မိုးညှင်း/ဇူလိုင် (၁၆) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြိ့ု နမီးစုရပ်ကွက် မဟာဗျူဟာလမ်းမကြီးနံဘေးရှိ အလှပြင်ဆိုင်၏ဆိုင်းဘုတ်အား လူငယ်နှစ်ဦးမှဆိုင်ကယ်စီးလာပြီး ခဲဖြင့်ထုခဲ့ရာဆိုင်းဘုတ်ပျက်စီးခဲ့သဖြင့် CCTV မှတ်တမ်းအားကြည့်ရှု၍ လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်းသိရှိရသည်။

ဖြစ်ပွါးပုံမှာ ဇူလိုင်လ(၁၃)ရက်နေ ့အလွန်(၁၄)ရက်နေ ့အကူးည(၁၂)နာရီ(၅၄)မိနစ်အချိန်ခန် ့တွင် မယဉ်မွန်ဦး သည်မိုးညှင်းမြိ့ုနမီးစုရပ်ကွက် အိမ်အမှတ်(နမ/၉)ရှိအလှပြင်ဆိုင်အတွင်းရှိနေစဉ် အိမ်ရှေ ့လမ်းမပေါ်မှ အမျိုးသားတစ်ဦး၏”ငါလိုးမသား”ဟူသောဆဲဆိုသံနှင့်အတူ ဆိုင်အားခဲဖြင့်ထုသံကြားရသဖြင့် မယဉ်မွန်ဦးသည်ဦးလေးဖြစ်သူဦးဝင်းကြည်အေး နှင့်အတူ ဆိုင်အပြင်သို ့ထွက်ကြည့်ခဲ့ရာဆိုင်ခန်းသွပ်အမိုးပေါ်တွင်ထောင်ထားသည့် အလှပြင်ဆိုင်းဘုတ်၏ယာဘက်အပေါ်ထောင့်တွင်ခဲမှန်ထားသဖြင့်ပေါက်ပြဲပျက်စီးနေသည်ကိုတွေ ့ရသည်။

ထို ့ကြောင့် CCTV မှတ်တမ်းအားကြည့်ရှုစစ်ဆေးရာ အနောက်ဘက်မှအရှေ ့ဘက်သို ့မဟာဗျူဟာလမ်းမကြီးအတိုင်း အသက်(၂၀)ကျော်အရွယ် လူငယ်နှစ်ဦးစီးနင်းလာသော CYCLONE-110 ဆိုင်ကယ်သည်MON အလှပြင်ဆိုင်ရှေ ့အလွန်တွင်ရပ်တန် ့ပြီး ဆိုင်ကယ်နောက်မှထိုင်လိုက်လာသူ မှဆင်းလာပြီး MONအလှပြင်ဆိုင်းဘုတ်အား ခဲဖြင့်ထုသည်ကိုတွေ ့ရှိရပြီးဆိုင်းဘုတ်နံဘေး သွပ်မိုးပေါ်တွင်(၆)လက်မပတ်လည်ခန် ့ရှိ ကျောက်ခဲတစ်လုံးအားတွေ ့ရှိရသဖြင့် မယဉ်မွန်ဦးမှတရားလိုပြုလုပ်၍ မိုးညှင်းမြိ့ုမရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်။

ထို ့ကြောင့် မိုးညှင်းမြိ့ုမရဲစခန်မှ(ပ)၈၇/၂၀၂၀ ပုဒ်မ၂၉၄/၃၃၆/၄၂၇/၁၁၄ ဖြင့်ဖွင့်လှစ်ကာ CCTV မှတ်တမ်းအားကူးယူ၍ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ညှိနှိုင်းကာ တရားခံအားအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here