မိုးညှင်းမြို့နယ် ဟိုပင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံးအနီး အမျိုးသားတစ်ဦးသေဆုံးလျက်တွေ့ရှိ

578

မိုးညှင်းမြို့နယ် ဟိုပင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံးအနီး အမျိုးသားတစ်ဦးသေဆုံးလျက်တွေ့ရှိ

မိုးညှင်း/ဇူလိုင် (၁၅) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံးနှင့် ဟိုပင်ဘူတာအကြားရှိမြေကွက်လပ်ဗွက်အိုင်အတွင်း အမျိုးသားတစ်ဦးသေဆုံးနေသဖြင့် ဟိုပင်နယ်မြေရဲစခန်းမှသေမှုသေခင်းရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

ဖြစ်ပွါးပုံမှာ ဇူလိုင်လ(၁၅)ရက်နေ ့မွန်းတည့်(၁၂)နာရီအချိန်တွင် ဟိုပင်မြိ့ုအထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ဟိုပင်ဘူတာအကြား မီးရထားသံလမ်းနှင့်ပေ(၃၀)ခန် ့အကွာ မြေကွက်လပ် ဗွက်အိုင်ထဲတွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်းသတင်းအရ ဟိုပင်နယ်မြေရဲစခန်းမှူးရဲအုပ်ဗိုလ်ဗိုလ်ကျော် နှင့်တပ်ဖွဲ ့ဝင်များသည်သက်သေများဖြစ်သော မြဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမျိုးအောင် မြိ့ုမမြောက်ရာအိမ်မှူးဦးမြင့်စိုးတို ့နှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အခင်ဖြစ်နေရာတွင်အသက်(၂၅)နှစ်အရွယ်အမည်မသိ(စုံစမ်းဆဲ)အမျိုးသားတစ်ဦးသည်အရှေ ့အရပ်သို ့ဦးခေါင်းပြုလျက် ဘေးတစောင်းအနေအထားဖြင့်ပါးစပ်မှအမြှုပ်များထွက်ကာပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲသေဆုံးနေသည်ကိုတွေ ့ရ၍ ရဲအုပ်ဗိုလ်ဗိုလ်ကျော် မှမှတ်တမ်းဓါတ်ပုံရိုက်ခြင်း မြေပုံကြမ်းရေးဆွဲခြင်း ပတ်ဝန်းကျင်အနေအထားလေ့လာခြင်းစသည့်ရဲလုပ်ငန်းကုန်စင်အောင်ဆောင်ရွက်ကာအလောင်းအားရဲဆေးစာဖြင့် ဟိုပင်တိုက်နယ်ဆေးရုံသို ့ပို ့ဆောင်ခဲ့သည်။

ထို ့ကြောင့် အမည်/နေရပ်လိပ်စာ(စီစစ်ဆဲ)အမျိုးသားတစ်ဦးသေဆုံးမှုအား ဟိုပင်နယ်မြေရဲစခန်းမှသေမှုသေခင်းရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here