ဟိုက်ဒရိုကလိုရစ်အက်ဆစ်များပါသည့် ပီပါအများအပြား ဖမ်းဆီးရမိ

193

ဟိုက်ဒရိုကလိုရစ်အက်ဆစ်များပါသည့် ပီပါအများအပြား ဖမ်းဆီးရမိ

ဇူလိုင်(၁၅)AlinnMyay(အလင်းမြေ)

ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်အတွင်း ဟိုက်ဒရိုကလိုရစ်အက်ဆစ်များ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး သတင်းစာမျက်နှာတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့ ညနေပိုင်းမှာ ဖော်ပြထားကြောင်းတွေ့ရသည်။

အဆိုပါသတင်းဖော်ပြချက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ၂၁ မိုင်ကျေးရွာအနီးရှိ မန္တလေး-လားရှိုး ကားလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ် ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ အောင်နိုင်ဦး(ဘ)ဦးသောင်းရွှေ မောင်းနှင်လာသည့် FUSO အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHAN-1L/—- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁ ပီပါလျှင် ၁၈၀ လီတာခန့်ပါ ပီပါ ၅၄ လုံး၊ ၉၇၂၀ လီတာ(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၇၂၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊

အလားတူ အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာရှိ ပြည်ကြီးမင်္ဂလာကားကြီးဝင်းရှိ ယာဉ်ရပ်နားကွင်း၌ မသင်္ကာဖွယ်မော်တော်ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ Nissan အမျိုးအစား ၁၂ ဘီးယာဉ်အမှတ်၊ YGN 9N/—- ဖြစ်ကြောင်း သိရှိရပြီး ယာဉ်ပေါ်တွင်တင်ဆောင်ထားသည့် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၁ ပီပါလျှင် ၁၈၀ လီတာခန့်ပါ ပီပါ ၅၆ လုံး၊ ၁၀၀၈၀ လီတာ(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၇၅၀၀ ကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊

အဆိုပါ မော်တော်ယာဉ်များ၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်များနှင့်အတူ ဖမ်းဆီးရမိသူအား ပြင်စာနယ်မြေရဲစခန်းနှင့် မြစ်ငယ်နယ်မြေရဲစခန်းများသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းဖော်ပြချက်များအရသိရသည်။

သတင်း/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာ #AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here