“မင်းတို့မသေချင်ရင် ဆိုင်ကယ်ထားခဲ့ပြီးပြေးတော့”ဟု ပြောပြီး ဆိုင်ကယ်လုတဲ့ လူသုံးဦး ဖမ်းမိ

796

“မင်းတို့မသေချင်ရင် ဆိုင်ကယ်ထားခဲ့ပြီးပြေးတော့”ဟု ပြောပြီး ဆိုင်ကယ်လုတဲ့ လူသုံးဦး ဖမ်းမိ

ဇူလိုင်(၁၅) AlinnMyay(အလင်းမြေ)

“မင်းတို့မသေချင်ရင် ဆိုင်ကယ်ထားခဲ့ပြီးပြေးတော့”ဟု ပြောပြီး ဆိုင်ကယ်လုတဲ့ လူသုံးဦးကို ပဲခူးရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ ၁၀-၇-၂၀၂၀ ရက်နေ့ (၂၁၃၅) အချိန်ခန့်၊ ပဲခူးမြို့နေ တရားလိုသည် သမက်ဖြစ်သူနှင့်အတူ ဟင်္သာ ကုန်းရပ်ကွက်မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ စိန်သာလျောင်း ဘုရား မုခ်အဝင် အနီးအရောက် အမျိုးသား(၃)ဦးမှ ဆိုင်ကယ်(၁)စီးနှင့်လိုက်လာပြီး သံပိုက်လုံးဖြင့် ၎င်း၏ နောက်ကျောအား ရိုက်၍ “မင်းတို့မသေချင်ရင် ဆိုင်ကယ်ထားခဲ့ပြီးပြေးတော့”ဟု ပြောခဲ့ပါသည်။ ၎င်းတို့ မှလည်း ကြောက်လန့်ပြီး ဆိုင်ကယ်အား ပြန်ကွေ့၍ စိန်သာလျောင်းမုခ်ဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့ရာ လှည့်ကင်း ဆောင်ရွက်နေသော ပဲခူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရှိ၍ ဖြစ်စဉ်ကို ပြောပြ၍ အကူအညီ တောင်းခံခဲ့ကြောင်း၊

ပဲခူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ လိုက်လံ ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ပဲခူး-သနပ်ပင်ကားလမ်း၊ ရွှေမော်ဓေါဘုရား တောင်ဘက်မုခ်အနီး၌ ပြစ်မှုကျူးလွန်ခဲ့သူ ဥက္ကာကျော် အား သံပိုက်လုံး၊ စိုးညီညီအား အရိုး/အသွား (၁၇)လက်မခန့်ရှိ ဓါးဦးချွန် (၁)ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသူ အောင်သူလင်း အား ၁၄-၇-၂၀၂၀ ရက်နေ့တွင် ကမာနတ် ကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပဲခူးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၇/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ၎င်းတို့(၃)ဦးအား ကျန်အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သတင်းဖော်ပြချက်အရသိရသည်။

သတင်း/ဓာတ်ပုံ-ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ စာမျက်နှာ
#AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here