တရားမဝင် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံသား ၂ ဦးအား ဖမ်းဆီးရမိ

144

တရားမဝင် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံသား ၂ ဦးအား ဖမ်းဆီးရမိ

ဇူလိုင်(၁၅) AlinnMyay(အလင်းမြေ)

တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်၌ တရားမဝင် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံသား ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ခမ်းပတ်မြို့မှ တမူးမြို့သို့ မောင်းနှင်လာသောလိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော အိန္ဒိယနိုင်ငံသား ၂ ဦးကို တွီဗန်ကျေးရွာနေ မတင်ဇနိန့်(ဘ) ဦးဟောခိုလွန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊

အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရဆောင်ရွက်နိုင်ရေး တမူးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ အပ်နှံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

သတင်း/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာ
#AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here