ဘောင်တီးကာစီနို လောင်းကစားပြုလုပ်နေသူ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့်အတူ မြနမာနိုင်ငံသူနိုင်ငံသား ၁၄ ဦး ဖမ်းမိ

694

ဘောင်တီးကာစီနို လောင်းကစားပြုလုပ်နေသူ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့်အတူ မြနမာနိုင်ငံသူနိုင်ငံသား ၁၄ ဦး ဖမ်းမိ

ဇူလိုင်(၁၅) AlinnMyay(အလင်းမြေ)

မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၌ လောင်းကစားပြုလုပ်နေသူများအား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေမှာ ဖော်ပြထားပါတယ်။

အဆိုပါ သတင်းဖော်ပြချက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပတ္တမြားမယ် ဓာတ်ဆီဆိုင်အနီးရှိ သုံးထပ်အဆောက်အဦး (ဒေသအခေါ် ဘောင်တီးကာစီနိုရုံ)အား ဇူလိုင် ၁၄ ရက်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ လောင်းကစားပြုလုပ်နေသူများဖြစ်သည့် မြန်မာနိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးတို့အား လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊

စစ်ဆေးချက်အရ ကာစီနိုရုံနှင့် အဆောက်အဦပိုင်ရှင်မှာ ကျွန်းတော(၃) ရပ်ကွက်၊ မြဝတီမြို့နေသူ စောရှမ်းလေးဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိခြင်းမရှိသေးဘဲ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း

အဆိုပါ ဖမ်းဆီးရမိသူများ၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး မြဝတီမြို့မရဲစခန်းသို့ အပ်နှံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

သတင်း/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာမျက်နှာ
#AlinnMyay(အလင်းမြေ)#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here