ထော်လာဂျီနှင့်ဆိုင်ကယ် လမ်းမအလယ်တွင် မျက်နှာချင်းဆိုင်တိုက်

645

ထော်လာဂျီနှင့်ဆိုင်ကယ် လမ်းမအလယ်တွင် မျက်နှာချင်းဆိုင်တိုက်

ဇူလိုင်(၁၄) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးမဒေါက်မြို့၊ အင်းဝိုင်းကျေးရွာအနီး ညောင်လေးပင်-မဒေါက်ကားလမ်းမိုင်တိုင်အမှတ် (၆/၁နှင့် ၆/၂)ကြားတွင်ဇူလိုင်၁၄ရက်နံနက်၁ဝနာရီခွဲဝန်းကျင်အချိန်ကယာဉ်တိုက်မှုဖြစ်ပွားကြောင်းမဒေါက်ရဲကင်းစခန်းမှသိရသည်။

အခင်းဖြစ်ရပ်သို့မဒေါက်ရဲကင်းရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ မဒေါက်မြို့ဘက်မှ ညောင်လေးပင်မြို့ဘက်သို့ ဖိုးရဲ(ခ)အောင်ချမ်းသာ(၂၂)နှစ်၊ ယာဉ်မောင်း၊ မြို့မ(၃)ရပ်ကွက်၊ ညောင်လေးပင်မြို့နေသူမောင်းနှင်လာသော J-D အမျိုးအစား၊ ထော်လာဂျီ(ပုဇဉ်းခေါင်း)၊ အပြာရောင်(၆)ဘီးယာဉ်နှင့် မျက်နှာချင်းဆိုင် ညောင်လေးပင်မြို့ဘက်မှ မဒေါက်မြို့ဘက်သို့ အောင်စိုး(၄၆)နှစ်၊ချောင်းကျိုးကျေးရွာ၊ မဒေါက်မြို့ နေသူမောင်းနှင်လာသော Honda 125 ထိုင်းနိုင်ငံလုပ်၊ အနက်ရောင်၊ဆိုင်ကယ်တို့ လမ်းမအလယ်တွင်မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အောင်စိုးတွင် ဦးခေါင်းကွဲ၊ နောက်စေ့ဖုယောင်၊ ယာမျက်ခုံးပေါက်ပြဲ၊ ဝဲခါးပေါက်ပြဲ၊ ဝဲလက်ခုံပေါက်ပြဲ(အတွင်းလူနာစိုးရိမ်ရ)ဒဏ်ရာများရရှိကာ မဒေါက်တိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့်ပို့ဆောင်ထားရှိပြီး ထော်လာဂျီ(ပုဇဉ်း)ယာဉ်မောင်း ဖိုးရဲ(ခ) အောင်ချမ်းသာမှာ အခင်းဖြစ်နေရာမှယာဉ်အားထားရှိခဲ့ပြီးထွက်ပြေးတိမ်းရှောင်သွားကြောင်းရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်နှင်ပတ်သက်၍ ယာဉ်မောင်းနှင်သူ ဖိုးရဲ(ခ)အောင်ချမ်းသာနှင့် အောင်စိုးတို့(၂)ဦးအားညောင်လေးပင်မြို့မရဲစခန်းမှယာဉ်(ပ) ၃၀/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၀၂ ဖြင့် အမှုဖွင့်အ‌ရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here