၆ နှစ်အရွယ် မိန်းကလေးကို သားမယား နှစ်ကြိမ်ပြုကျင့်သူကို အမိန့်ချမှတ်

725

၆ နှစ်အရွယ် မိန်းကလေးကို သားမယား နှစ်ကြိမ်ပြုကျင့်သူကို ထောင်ဒဏ်အမိန့်ချမှတ်

ဇူလိုင်(၁၁) AlinnMyay(အလင်းမြေ)

(၆)နှစ်အရွယ် မိန်းကလေးငယ်အား မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် နှစ်(၂၀) ချမှတ်လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းစာမျက်နှာမှာ ဇူလိုင်လ (၁၁) ရက်နေ့က ဖော်ပြထားပါတယ်။

၈-၇-၂၀၁၉ ရက်နေ့ (၁ဝးဝဝ) အချိန်ခန့် ရွှေကျင်မြို့နေ တရားလို သည် မြေး ၂ ဦးနှင့်အတူ အိပ်ပျော် နေရာမှ တစ်ရေးနိုးသောအခါ မြေးအငယ်ဖြစ်သူ မ— (၆) နှစ်အား မတွေ့သဖြင့် အော်ခေါ်စဉ် မျက်နှာချင်း ဆိုင်အိမ်နေ ရဲရွှေ (၃၈) နှစ်မှ မ — အား ချီကာ ခေါင်းရင်းရှိ ခြံထဲမှ လာပို့သည်ကိုတွေ့ရှိရပြီး မ — ၏ မိန်းမ အင်္ဂါယောင်၍ နီနေသည်ကိုတွေ့ရသောကြောင့် မေးမြန်းခဲ့ရာ ရဲရွှေမှ ခေါင်းရင်းခြံနောက် အပြင်ဘက်တွင် သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့သည်ဟု ပြောပြ သိရှိခဲ့ရကြောင်း။ ဖြစ်စဉ်နှင့်ပတ်သက်၍ ၁၃-၇-၂၀၁၉ ရက်နေ့တွင် ရွှေကျင်မြို့မရဲစခန်း (ပ)၁၆၆/ ၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ၁၃-၇-၂၀၁၉ ရက်နေ့ ၁၂၅၀ အချိန် ရဲရွှေ အား ဖမ်းဆီးစစ်ဆေး၍ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၈-၇-၂၀၂၀ ရက်နေ့တွင် တရားခံ ရဲရွှေ အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်(၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းဖော်ပြချက်အရသိရသည်။

သတင်း/ ဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းစာမျက်နှာ
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here