ဖြူဖြူထွေး၊ နန်းမွေစံ နဲ့ အခြားအနုပညာရှင်အချို့ YVCT Kindness Ambassador ခန့်အပ်

969

ဖြူဖြူထွေး၊ နန်းမွေစံ နဲ့ အခြားအနုပညာရှင်အချို့ YVCT Kindness Ambassador ခန့်အပ်

ဇူလိုင်(၁၁) AlinnMyay(အလင်းမြေ)

ရန်ကုန်သက်မွေးနည်းပညာကောလိပ်(YVCT) မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင်၁ဝရက်၊ ၂၀၂၀ (သောကြာနေ့) နံနက်၁ဝနာရီတွင် ၈ရပ်ကွက်၊ နဝရတ် (၁၁)လမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပခဲ့ပြီး နည်းပညာ၊ သက်မွေးပညာနှင့်လေကျင့်ရေး ဦးစီးဌာန ညွှွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် YVCT ကျောင်းအုပ်ကြီး Mr.Xing Xiangyan တို့မှ မိန့်ခွန်းပြောကြားပြီး မိတ်ဆက်ခဲ့ကြောင်း၊ အနုပညာရှင်များ၊ အလှမယ်များ၊ မော်ဒယ်များနှင့် Online Celebrity များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြလို့ YVCT မှ ဖော်ပြထားပါတယ်။

Yangon Vocational College of Technology ၏ Kindness Ambassador ခန့်အပ်ပွဲကို သာကေတမြို့နယ် ၈ရပ်ကွက်ရှိ ရန်ကုန်အသက်မွေးနည်းပညာကောလိပ်၌ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှားစကား ပြောကြားပြီး၊ TVET ညွှန်ချုပ်၊ Cele and Motivational Influencer De De နှင့် ကျောင်းအုပ်ကြီးတို့မှ အသီးသီး နှုတ်ခွန်းဆက်နှင့် ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြခဲ့ကြောင်း၊ လူမှုရေးဝန်ကြီး၏ အမှာစကားတွင်….


ရန်ကုန်အသက်မွေးနည်းပညာကော်လိပ်၏ ပညာရေးမြှင့်တင်မှုကို အထောက်အကူပြုနိုင်ရန် အတွက် Myanmar Top Ten Online Celebritiesများကို ကျောင်း၏ Kindness Ambassador အဖြစ် ခန့်အပ်မည့်အခမ်းအနား ဖြစ်ပါကြောင်း၊

ဒီကောလိပ်ကြီးက တကယ်ဆို ဖွင့်နေပြီ Covid ဖြစ်သွားတော့ နည်းနည်းနောက်ကျသွားတာဖြစ်ကြောင်း၊ သို့သော် ကုမ္ပဏီရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပါကြောင်း၊

2018ခုနှစ် ဧပြီလမှာ ရန်ကုန်တိုင်းအစိုးရနဲ့ MITVE ကုမ္ပဏီတို့ “တရုတ်မြန်မာ သိပ္ပံနှင့်နည်းပညာစက်မှုမြို့တော်ဥယျာဉ်”စီမံကိန်းအတွက် MOU လက်မှတ်ထိုးထားခဲ့ပြီး ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်ပါကြောင်း၊ ဒီစီမံကိန်းကြီး အကောင်အထည်ဖော်ဖို့အတွက် ကုမ္ပဏီက ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရကြောင်း၊

MITVE ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ Mr.Xing Xiangyang ကဒီစီမံကိန်းဖြစ်လာဖို့အတွက် 5 နှစ်ကြာကြိုးစားနေခဲ့ကြောင်း၊ အချိန်ကာလကြာမြင့်နိုင်တာ‌ကြောင့်မို့ ဒီကောလိပ်ကိုအမြန်ဆုံးအကောင်အထည်ဖော်ခဲ့တာဖြစ်ကြောင်း၊

2019 ခုနှစ် 9 လပိုင်းမှာရန်ကုန်တိုင်းအစိုးရကနေ “ရန်ကုန်အသက်မွေးနည်းပညာကောလိပ်” ခွင့်ပြုမိန့်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်အသက်မွေးနည်းပညာကောလိပ်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ဆောင်ရွက်ထားတဲ့ အသက်မွေးနည်းပညာကောလိပ်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ ဇူလိုင်လ ၁၀ ရက်နေ့က လူမှုကွန်ယက်စာမျက်နှတွင် ဖော်ပြထားခဲ့ပါတယ်။

ဆက်လက်ပြီး “ကျောင်းကတော့ အခုဖွင့်လို့မရသေးပါဘူး။ ကျောင်းဖွင့်ခွင့်တင်ပြပြီး တခြား အလားတူကျောင်းတွေ ဖွင့်ခွင့်ရမှ ဒီကျောင်းကိုလည်း ဖွင့်ရမှာဖြစ်ပါတယ်။ ရန်ကုန်အသက်မွေးနည်းပညာကောလိပ်သည် ကောလိပ်တွင်နေထိုင်ပြီး တက်ရောက်ရမည့်ကောလိပ်ဖြစ်တယ်။ကျောင်းသူ/သား အိပ်ဆောင်၊ ထမင်းစားဆောင်၊ ဈေးဆိုင်၊ ဆေးပေးခန်းများထားရှိကာ ဘက်စုံအဆင်ပြေအောင် ဆောင်ရွက်ပေးထားသောကောလိပ်ဖြစ်ပါတယ်။” လို့လည်း ရေးသားထားပါတယ်။

အဆိုပါ ကောလိပ်ကြီးနှင့် ပတ်သက်ပြီးလည်း “ဒီကောလိပ်ကြီးတွင်ကနဦး၌ ကျောင်းသား/သူ(1000)ယောက်လက်ခံနိုင်မည်ဖြစ်ပြီး၊ အဓိက သင်ကြားပေးမှာကတော့
(၁) ဆောက်လုပ်ရေးနည်းပညာ၊
(၂) စက်မှုနည်းပညာ၊
(၃) မော်တော်ကားတပ်ဆင်ရေးနည်းပညာ၊
(၄) နိုင်ငံခြားဘာသာစကား
အပါအဝင်ဘာသာရပ်(18)ခုထိ သင်ကြားပေးမည်လို့ သိရကြောင်း၊

နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး၊ နည်းပညာကျွမ်းကျင်တဲ့ ဆရာ/မများကို ပူးပေါင်းထားသောနိုင်ငံတကာကျောင်းများမှ ဆရာ/မများက လာရောက်သင်ကြားပေးမည်ဖြစ်ပါသည်။ 3 လမှ 6 လထိကာလတိုသင်တန်းနှင့် 1 နှစ်မှ 3 နှစ်ကြာထိတက်ရောက်ရမည့် ဘာသာရပ်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊

ထူးခြားတာကတော့ အလယ်တန်းအောင်ရုံနှင့်တက်ရောက်ခွင့်ရှိမည့်ကောလိပ်ဖြစ်ကြောင်း၊ ကျောင်းပြီးလျှင်အလုပ်အတွက်အာမခံပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လူငယ်များအတွက် “နည်းပညာဝင်ငွေရှာ YVCT ကိုလာခဲ့ပါ”ဆိုသည့်ဆောင်ပုဒ်အတိုင်း ရန်ကုန်အသက်မွေးနည်းပညာကောလိပ်မှ ဆောင်ရွက်ပေးမည်ဖြစ်တယ်လို့ သိရကြောင်း၊

နောက်ပြီးတော့ NLD အစိုးရလက်ထပ်မှာ အသက်မွေးပညာသင်ကျောင်း နည်းပညာကျောင်းတွေကို နိုင်ငံတော်၏အတိုင်ပင်ခံကြီးနှင့် ခေါင်းဆောင်တွေတော်တော်များများက အားပေးကြပါကြောင်း၊ ရန်ကုန်မှာဆို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့၊ နည်းပညာအထက်တန်းကျောင်းတို့၊ သက်မွေးပညာသင်တန်းကျောင်းတို့ဆို အရင်က အားမပေးခဲ့တဲ့အတွက်ကြောင့် ဒီကျောင်းတွေရဲ့ အခမ်းကဏ္ဍဟာ မှေးမှိန်ခဲ့ရကြောင်း၊ အင်းစိန်က အစိုးရစက်မှုလက်မှုသိပ္ပံ GTIဆို အရင်က ပိတ်ထားခဲ့တာ ကျနော်တို့လက်ထပ်မှာ တော်တော်လေး ပြင်ဆင်ထိန်းသိမ်းတဲ့ အလုပ်တွေ လုပ်ခဲ့ရကြောင်း၊ ၂၀၁၇-၁၈မှာ ပြင်ဆင်ခဲ့တာဖြစ်ကြောင်း၊ အခုဆို ကျောင်းကြီးဖွင့်လို့ ကာလတို သင်တန်းသား ၅ဝဝကျော် မွေးထုတ်ပြီးဖြစ်ကြေင်း၊ ၃နှစ် AGTI ဒီပလိုမာသင်တန်းတွေလည်း အောင်အောင်မြင်မြင် ဖွင့်နေနိုင်ပြီဖြစ်ကြောင်း။

နောက် ရန်ကုန်မှာ သက်မွေး နည်းပညာကျောင်း အသစ်တွေလည်း ဆောက်လုပ်နေကြောင်း။ တောင်ဒဂုံ၊ သံလျှင်နှင့် ဒလမြို့နယ်တွေမှာ ဆောက်နေကြောင်း။ တောင်ဒဂုံနဲ့ သံလျှင်က ၂၀၂၀-၂၀၂၁ စဖွင့်နိုင်တော့မှာဖြစ်ကြောင်း။ ဒလကတော့ ဖွင့်တာနောက်ကျမယ်ဖြစ်ကြောင်း။ အခုမှစပြင်နေတာဖြစ်ကြောင်း။ ဒီကျောင်းတွေက ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် (Technical Vocational Education and Training) ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မကြာခင် ပြည်သူတွေကို အလုပ်အကြွေးပြုနိုင်တော့မှာ ဖြစ်ကြောင်း ရေးသားထားပြီး။

နိဂုန်းချုပ်- ဒီကျောင်းကြီးကို ပြည်ထောင်စုအစိုးရနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ရဲ့ ညွှန်ကြားချက်များ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး အောင်မြင်တဲ့ ကောလိပ်ကြီးအဖြစ် မြင်လိုပါကြောင်း။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးလိုပါကြောင်း။ မြန်မာနိုင်ငံကို အလုပ်အကြွေးပြုမည့် နိုင်ငံ့သားကောင်းများမွေးထုတ်နိုင်တဲ့ ကျောင်းကြီးအဖြစ် ရပ်တည်နိုင်ဖို့ကိုလည်း အဘက်ဘက်က အားပေးနေမှာဖြစ်ကြောင်း နှင့် အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ သူ၏ လူမှုကွန်ယက် ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားပါတယ်။

ဓာတ်ပုံ – YVCT၊ Naing Ngan Lin ၊ Phyu Phyu Htwe၊ Nang Mwe San
#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here