ထမင်းစားရန် ပြင်ဆင်နေသူအား ဓားဖြင့် လာရောက်ထိုးသတ်

878

ထမင်းစားရန် ပြင်ဆင်နေသူအား ဓားဖြင့် လာရောက်ထိုးသတ်

ဇူလိုင်(၁၁) AlinnMyay(အလင်းမြေ)

ထမင်းစားရန် ပြင်ဆင်နေသူအား ဓားဖြင့် လာရောက်ထိုးသတ်သွားသည့် ဖြစ်စဉ် ယမန့်နေ့ ဇူလိုင် ၁၀ ရက်ည ၉ နာရီ ဝန်းကျင်က တောင်းငူမြို့တွင် ဖြစ်သွားခဲ့ကြောင်းသိရသည်။

တောင်ငူမြို့ ၊ ၂၁ ရပ်ကွက် ၊ တေဇာခင်ဦး ၁ လမ်း ဦးတင့်ဆွေ၏ နေအိမ်တွင် ဦးတင့်ဆွေ နှင့် စိုးဦး တို့နှစ် ယမန်နေ့ည ၇ နာရီဝန်းကျင်အချိန်တွင် အရက်ထိုင်သောက်နေစဉ် ငပိ( ခ )အောင်ထွေး ဆိုသူရောက်ရှိလာပြီ အရက်တိုက်ရန်ပြောဆိုရာ စကားများရန်ဖြစ်ခဲ့ကြကြောင်းသိရသည်။

ယင်းသို့ စကားများစဉ် လက်သီးဖြင့်အထိုးခံလိုက်ရသည်ကို မကျေနပ်၍ ငပိ ( ခ ) အောင်ထွေး မှ အိမ်ပြန်ကာ ဓားယူဆောင်လာပြီး ထမင်းစားရန် ပြင်ဆင်နေသော ကျော်စိုးနိုင် ( ခ ) ဖိုးထောင်အား ဓားဖြင့် လာရောက် ထိုးခဲ့ကြောင်းသိရသည်။

ဓားဖြင့်အထိုးခံရသော ကျော်စိုးနိုင် ( ခ ) ဖိုးထောင် ( ၄၀ )နှစ် ၊ ၂၁ ရပ်ကွက် ၊ ၁လမ်းနေသူ သည် တောင်ငူဆေးရုံတွင် အဆိုပါ ဓားဒဏ်ဖြင့်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

” အရက်အတူတူသောက်ရင်းက ရန်ဖြစ်ကြပြီး လက်သီးနဲ့ ထိုးခံရတာကို မ​ကျေနပ်၍ အိမ်ပြန်ဓားပြန်ယူပြီး ပြန်လာထိုးတာပါ သေဆုံးသူက သူအိမ်အထိလိုက်ပို့ပေးခဲ့သေးတယ် လက်သီးနဲ့ထိုးတာသေဆုံးသူမဟုတ်ပါဘူး အရက်သောက်စားထားတော့ သွေးကြွနေတာ ဖြစ်တယ် ” ဟု တောင်ငူမြို့ အမှတ် ၁ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်ပြီး ငပိ ( ခ )အောင်ထွေး ( ၃၃ )နှစ် ၊ ပေါက်ခိုရွာ ၊ တောင်ငူမြို့နေသူအား တောင်ငူမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် စစ်ဆေးဆောင်ရွက်ထားကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here