ကျောက်မဲမြို့အတွင်း ခွင့်ပြုချက်မရရှိဘဲ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည့် ဦးဆောင်သူ ၃ ဦးအား အမှုဖွင့်လှစ်အ‌ရေးယူသွားမည်

554

ကျောက်မဲမြို့အတွင်း ခွင့်ပြုချက်မရရှိဘဲ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည့် ဦးဆောင်သူ ၃ ဦးအား အမှုဖွင့်လှစ်အ‌ရေးယူသွားမည်

ဇူလိုင်(၁၀) AlinnMyay(အလင်းမြေ)

ကျောက်မဲမြို့အတွင်း ခွင့်ပြုချက်မရရှိဘဲ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သည့် ဦးဆောင်သူ ၃ ဦးအား အမှုဖွင့်လှစ်အ‌ရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက် နံနက် ၅ နာရီခန့်တွင် ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာနေ ဦးစိုင်းသန်းမောင် ၅၈ နှစ်၊ ဦးဇောတိက ၅၇ နှစ်နှင့် ဦးအာလိယျ ၄၀ နှစ် တို့ ၃ ဦးမှ ဦးဆောင်၍ ဒေသခံအင်အား ၂၂၀၀ ဦးခန့်သည် ခွင့်ပြုချက်မရဘဲ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရန်အတွက် ကျောက်မဲမြို့နယ်၊ လုံဝယ်ဘုန်းကြီးကျောင်း အနီးသို့ ယာဉ်မျိုးစုံ ၅၀ စီးခန့်ဖြင့် ရောက်ရှိလာပြီး ၇ နာရီ ၂၅ မိနစ်မှ စတင်ကာ ၁၁ နာရီ အထိ ကျောက်မဲမြို့အတွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒဖော်ထုတ်ရခြင်း၏ အကြောင်းအရင်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာတစ်ဝိုက်၌ တပ်မတော်နှင့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာနေ ဦးအိုက်စု(ခ)လုံးစု ၆၀ နှစ် (ဘ) ဦးချင်းဘု၊ တောင်ယာလုပ်ကိုင်သူသည် လက်နက်ငယ်ကျည်ထိမှန်၍ သေဆုံးခဲ့ပြီး ဒေါ်ပါဆိုင်ယုံ ၅၅ နှစ်နှင့် ဦးမောင်‌ခေ ၅၆ နှစ်တို့သည် ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဆိုပါဒေသခံ ၃ ဦးနှင့် ပတ်သက်ပြီး တပ်မတော်မှ ပစ်ခတ်၍ သေဆုံးဒဏ်ရာရရှိခဲ့သည်ဟု အကြောင်းပြကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ရန် စီစဉ်ခဲ့ကြောင်း၊ စုဝေး၊ စီတန်း လှည့်လည်ခွင့်အား ဇူလိုင် ၉ ရက်တွင် တင်ပြခဲ့သော်လည်း ပြည်နယ်အစိုးရမှ ခွင့်မပြုကြောင်းသိရပြီး ခွင့်ပြုချက် မရရှိဘဲ စုဝေး၊စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးဆောင်သူ ၃ ဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၉)၊ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ(၁၈)တို့ဖြင့် သက်ဆိုင်ရာဌာနများမှ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here