အရက်အတူသောက်ပြီး စကားများရာမှ လူသတ်မှုဖြစ်ပွား

215

အရက်အတူသောက်ပြီး စကားများရာမှ လူသတ်မှုဖြစ်ပွား

ဇူလိုင်(၈) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးပြွန်တန်ဆာမြို့၊ စစ်ကုန်းချောင်းသစ်ကျေးရွာသွားလမ်းတွင် ၂၀၂၀ ဇူလိုင် ရရက် ည၆နာရီဝန်းကျင်အချိန်က လူသတ်မှုဖြစ်ပွားကြောင်းပြွန်တန်ဆာနယ်မြေရဲစခန်းမှသိရသည်။

အခင်းဖြစ်ရပ်သို့ပြွန်တန်ဆာနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးမေးမြန်းရာ ဦးနိူင်ဝင်း(၄၁)နှစ်စစ်ကုန်းကျေးရွာနေသူ၏ဖခင်ဖြစ်သူဦးလှဝင်း(၆၂)နှစ်သည်စစ်ကုန်း ကျေးရွာထိပ်ရှိ ဦးမောင်အေး အရက်ဆိုင်တွင် တစ်ရွာတည်းနေ သားကြီး(ခ)ကျော်ရဲအောင် နှင့် အရက်အတူသောက်စား မူးယစ်ပြီး တစ်ယောက်တစ်ခွန်းစကားများရာမှ ဦးလှဝင်းမှ နေအိမ်သို့ ပြန်လာခဲ့စဉ် သားကြီး(ခ)ကျော်ရဲအောင်မှ မကျေနပ်၍ နောက်မှလိုက်လာပြီးအသင့်ပါလာသော ဝါးရိုးတပ် အရိုး(၄)လက်မ၊ (၁၂)လက်မခန့်ရှိ ငါးဖယ်ခုံးဓါးဖြင့် ထိုးခုတ်ခဲ့သဖြင့်ဖခင်ဖြစ်သူတွင် ဦးခေါင်းထိပ်အကျယ်(၁)လက်မ၊ အနက်လက်မဝက်ခန့်ရှိ ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းနောက်စေ့အကျယ်(၂)လက်မ၊ အနက်လက်မဝက် ခန့်ရှိ ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဂျိုစောင်းအကျယ်(၃)လက်မ အနက်လက်မဝက်ခန့် ပြတ် ရှဒဏ်ရာ(၁)ချက်၊ ဝဲဝမ်းဗိုက်အကျယ်(၂)လက်မ အနက်(၂)လက်မခန့် ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ယာဂျိုစောင်းအကျယ်(၂)လက်မ အနက်လက်မဝက်ခန့် ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ရင်အုံအကျယ်(၂)လက်မ အနက်(၁)လက်မခန့် ထိုးသွင်း ဒဏ်ရာ(၁)ချက် တို့အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သတိလစ်နေခဲ့ပြီး ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားရှိစဉ်ရရှိဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

သို့ဖြစ်ပါ၍ ဖခင်ဖြစ်သူ ဦးလှဝင်းအား သေဆုံးအောင်ပြုလုပ်သူ သားကြီး(ခ)ကျော်ရဲအောင်အား ဥပဒေအရ အရေးယူပေးပါရန် ဦးနိုင်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းလာသဖြင့် ပြွန်တန်ဆာနယ်မြေရဲစခန်းမှ (ပ)၇၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here