ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား(၈၁)ဦး ကချင်ပြည်နယ်သို့ ရောက်ရှိ

115

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား(၈၁)ဦး ကချင်ပြည်နယ်သို့ ရောက်ရှိ

မိုးညှင်း/ဇူလိုင် (၇) AlinnMyay(အလင်းမြေ)

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်‌ရောက်လာသော နေရပ်ပြန်မြန်မာနိုင်ငံသား(၈၁)ဦးတို့သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်စုပေါင်းစစ်ဆေးရေးဂိတ်စခန်းသို့ ဇူလိုင်လ(၇)ရက်နေ ့ နံနက်(၄)နာရီခွဲအချိန်က ရောက်ရှိကာ ကျန်းမာ‌ရေးစစ်‌ဆေးမှုများကို စနစ်တကျခံယူကြောင်း အဆိုပါစုပေါင်းစစ်ဆေးရေးဂိတ်စခန်းမှ တာဝန်ခံတစ်ဦးကပြောကြားသည် ။

” ဒီနေ့ မနက်(၄)နာရီခွဲအချိန်မှာ ထိုင်းနိုင်ငံ မြဝတီမြို့ကနေ ကချင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ နေရပ်ပြန်မြန်မာနိုင်ငံသား (၈၁)ဦးဟာ ယာဉ်မောင်းဦးမြင့်မောင်နဲ့ ဦးစိုးလွင်တို့ မောင်းနှင်လာတဲ့ နန်းတော်ဝင် Express ယာဉ်(၂)စီးဟာ နယ်စပ်ပြည်ဝင်ဂိတ်စခန်းတွေမှာ အဆင့်ဆင့်ကျန်းမာရေးစစ်ဆေးခဲ့ပြီးပါပြီ အခုလည်းထပ်မံလို့ကျန်းမာရေးစစ်ဆေးပြီးခရီးသွားမှတ်တမ်းတွေကိုစနစ်တကျစစ်ဆေးခံယူခဲ့ပါတယ် ” ဟု ယာဉ်မောင်း ဦး‌မြင့်မောင်ကပြောကြားခဲ့သည် ။

အဆိုပါထိုင်းနိုင်ငံပြန် မြန်မာနိုင်ငံသားများသည်ခရီးသည်တင် Express ယာဉ်(၂)စီးသည် မြဝတီမြို့မှတဆင့်မန္တလေးလမ်းကြောင်းအတိုင်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်စခန်းသို့ရောက်ရှိလာခဲ့ပြီး ကျန်းမာရေးစစ်​ဆေးတိုင်းတာခြင်းများပြုလုပ်ကာ နံနက်(၅)နာရီခွဲအချိန်တွင် ပြည်ထောင်စုလမ်းမကြီးအတိုင်း မိုးညှင်းမှ မြစ်ကြီးနားဘက်သို့ဆက်လက်ထွက်ခွာခဲ့ ကြောင်းသိရသည် ။

အဆိုပါဝင်ရောက်လာကြသူများမှာ မြစ်ကြီးနားမြို့မှ(၅၅)ဦး၊ မိုးကောင်းမြို့မှ(၁၀)ဦး၊ ဝိုင်းမော်မြို့မှ(၈)ဦး၊ဗန်းမော်မြို့မှ(၆)ဦးနှင့် ရွှေကူမြို့မှ(၂)ဦး စုစုပေါင်း(၈၁)ဦးဖြစ်ပြီး အဆိုပါဝင်ရောက်လာသူများကို နန့်စီးအောင်ဂိတ်စခန်းရှိ Covid 19 ကြိုတင်ကာကွယ်ရေးဌာနမှကျန်းမာရေးကြီးကြပ်အဖွဲ ့မှကျန်းမာရေးစစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ကြပြီးအဆိုပါဂိတ်စခန်းတာဝန်ခံဂိတ်မှူးရဲအုပ်ထက်ဝေလင်းနှင့်တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့‌ကြကြောင်းသိရသည်။

ဦးခင်မောင်ဦး(မိုးညှင်း)#AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here