မိုးညှင်းမြို့နယ်အဝင် နန် ့စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ(၂)ဦးအားသက်သေခံပစ္စည်းများနှင့်ဖမ်းဆီးရမိ

664

မိုးညှင်းမြို့နယ်အဝင် နန် ့စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ(၂)ဦးအားသက်သေခံပစ္စည်းများနှင့်ဖမ်းဆီးရမိ

မိုးညှင်း/ဇူလိုင် (၇) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အဝင် နန် ့စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းမှတာဝန်ကျသူများ၏ကြိုးစားတာဝန်ထမ်းဆောင် မူးယစ်ဆေးဝါးများကို ခြေသလုံးတွင်ချည်နှောင်သယ်ဆောင်လာသူအားဖမ်းဆီး အရေးယူထားခဲ့ကြောင်းသိရှိရသည်။

ဖြစ်ပွါးပုံမှာ ဇူလိုက်လ(၇)ရက်နေ ့နံနက်(၄)နာရီ(၂၀)မိနစ်အချိန်တွင် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု(၃)မှရဲအုပ်မျိုးသက်ထွန်းနှင့် ပူးပေါင်းအဖွဲ ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့အဝင် နန် ့စီးအောင်ပူးပေါင်းဂိတ်စခန်း၌တာဝန်ထမ်းဆောင်နေစဉ် မော်ဟန်ကျေးရွာဘက်မှပြည်ထောင်စုလမ်းကြီးအတိုင်း နေဇာဦး မောင်းနှင်ပြီးစိုင်းခမ်းဇော် လိုက်ပါလာသော KENBO 125 အမျိုးအစား နီညိုရောင်ဆိုင်ကယ်အားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို ့စစ်ဆေးရာ နေဇာဦး၏ဝဲဘက်ခြေသလုံးတွင်အနက်ရောင်တိတ်နှင့်ပတ်ထားသော အပြာရောင်ကပ်ခွါအိတ်ထဲမှ 88/1 စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား(၁၀၀)ပြားပါ(၁)ထုပ်နှင် Grand Royal စာတန်းပါ အဖြူရောင် ကော်ဗူးအတွင်းမှ ဘိန်းဖြူဟုယူဆရသည့်ဖြူဝါမှုန် ့အလေးချိန်(၄)ဂရမ်ပါ(၁)ဗူးတို ့အားရှာဖွေတွေ ့ရှိခဲ့သဖြင့် ရဲအုပ် မျိုးသက်ထွန်းမှ သက်သေခံပစ္စည်းများအား သက်သေများရှေ ့မှောက်တွင် ဥပဒေနှင့်အညီသိမ်းဆည်းခဲ့ကာမိုးညှင်းမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့သည်။

ထို ့ကြောင့် နေဇာဦး(၃၁)နှစ်(ဘ)ဦးတင်မြိုင် မန်းကျည်းကုန်းကျေးရွာ စီးမော်ကျေးရွာအုပ်စု မော်လူးမြိ့ုစစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူနှင့် စိုင်းခမ်းဇော်(၃၃)နှစ်(ဘ)ဦးကျော်ဘ ဟဲနုကျေးရွာ မော်လူးမြိ့ု စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူတို ့အား မိုးညှင်းမြို့မရဲစခန်းမှမယ(ပ)၁၁၀/၂၀၂၀ ပုဒ်မ ၁၉(က)/၂၁ဖြင့်အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရှိရသည်။

ဦးခင်မောင်ဦး(မင်္ဂလာဦး)#AlinnMyay(အလင်းမြေ)
#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here