ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်မှ အရေးယူ

673

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်မှ အရေးယူ

ဇူလိုင်(၆) AlinnMyay(အလင်းမြေ)

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်မှ အရေးယူ

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်မှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်လုပ်ကွက်၌ မြေသားပြိုကျမှုကြောင့် ကျောက်ရှာဖွေသူ ၁၇၂ ဦး သေဆုံး၊ ၅၄ ဦး ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း၊

အဆိုပါဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၃ ရက်နေ့ကပင် လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိသည့် တပ်မှူးတစ်ဦးအားလည်းကောင်း၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအား လည်းကောင်း မူလစစ်ဘက်တာဝန်များအား ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်မှ ဆောင်ရွက်လျက်ရှိပြီး လစ်လပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုး ခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

သတင်း – တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here