လူနာအမှတ် ၃၀၄ နဲ့ ဆက်စပ်ခဲ့တဲ့ ဘော်လန်တီယာ ၄၀ ကျော်အပါအဝင် လူ ၅၂ ဦးကို ကျန်းမာရေး စစ်ချက်ရယူမယ်

856

လူနာအမှတ် ၃၀၄ နဲ့ ဆက်စပ်ခဲ့တဲ့ ဘော်လန်တီယာ ၄၀ ကျော်အပါအဝင် လူ ၅၂ ဦးကို ကျန်းမာရေး စစ်ချက်ရယူမယ်

ဇူလိုင်(၆) AlinnMyay(အလင်းမြေ)

ပဲ ခူးက၊ ထိုင်းပြန် ကိုဗစ် ၁၉ ပိုးရှိ လူနာ ၃၀၄ နဲ့ဆက်စပ်ခဲ့တဲ့ ဘော်လန်တီယာ ၄၀ ကျော် အပါအဝင် လူ ၅၂ ယောက်ကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူပြီး ကျန်းမာရေး ဆေးစစ်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီးကျန်းမာ ရေးဦးစီးဌာနကသိရပါတယ်။

လူနာ ၃၀၄ ကို အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့ နေရာမှာ လုပ်အားပေးနေတဲ့ ဘော်လန်တီယာ ၄၈ ယောက်နဲ့ ပြညိပကပြန်လာစဉ် လူနာကို ကွာရန်တင်းစင်တာဆီ ကားနဲ့လိုက်ပို့ခဲ့တဲ့ ယာဉ်မောင်း၊စပါယ်ယာ ၄ ဦးကို ဆေးစစ်ချက် ရယူမှာ ဖြစ်ပါတယ် ။

“အသောကမှာ ဘော်လန်တီယာလုပ်နေတဲ့သူတွေကိုစစ်မှာပါ။ လူနာက အသောကရောက်ပြိး ၄ ရက် ၅ ရက်လောက်နေတော့မှ ဆေးစစ်ချက်ယူရတာ့ အဲ့အချိန် ဘော်လန်တီယာတွေက စကားပြောတာ ၊ထမင်းထုတ်ပို့တာတွေရှိတယ်ပေါ့။အဖျားတိုင်းတာတွေရှိတော့ ဒီတော့ သူတို့ အန္တရာယ်ရှိနေမလား သိချင်တယ်ဆိုပြီး စစ်ချင်တယ်ပေါ့။ဒါကြောင့် လူရွေးမမေးနေတော့ပဲညအားလုံးကို စစ်ပေးလိုက်တာပါ။ သူတို့လည်း ဘော်လန်တီယာလုပ်တာကြာပြီ” လို့ ပဲခူးတိုင်းဒေသကြီးကျန်းမာ ရေးဦးစီးဌာနမှဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်းကပြောပါတယ်။

ဒါကြောင့် ဒီကနေ့ ဇူလိုင် ၆ ရက်နေမှာ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ် တွေကို ရယူပြီး ရန်ကုန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပေးပို့သွားမှာဖြစ်ပါတယ်။

ခုလို ဆေးစစ်ချက်ရယူမယ့်ကိစ္စအပေါ် ပဲခူးဒေသခံတွေ တချို့က “ဆေးစစ်တာ ကောင်းပါတယ်၊ စိတ်ချရတယ်၊ အသောက ကQ ဝင်နေတဲ့လူတချို့က Qဝင်တာနဲ့ မတူဘူး။ အပြင်ထွက်စျေးဝယ်တာတွေတောင်ရှိတယ်၊ ဘာဖြစ်ဖြစ် ဆေးစစ်လိုက်တာ စိတ်ချရမှုရှိတာပေါ့။”လို့ ဆိုပါတယ်။

လူနာ ၃၀၄ ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ နေ့မှာ ထိုင်းကနေ ပဲခူး မြို့ကို ပြန်လည်ရောက်ရှိခဲ့တာကြောင့်သူ့ကို ပဲခူးက အာသောက အသွားအလာကန့်သတ်စောင့်ကြည့်စခန်း မှာ ကွာရန်တင်းထားစောင့်ကြည့်ရာကနေ positive အဖြစ်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

လူနာ ၃၀၄ နဲ့အတူ တစ်ခန်းထဲနေထိုင်ခဲ့တဲ့ အမျိုးသား ၃ ဦးမှာတော့ ကိုဗစ် ၁၉ ရောဂါပိုးမတွေ့ရှိထားဘူးလို့ သိရပါတယ်။

ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here