ညောင်လေးပင်မြို့တွင် ခိုးမှုလုယက်မှုတွေများပြားလာသည့်တွက်ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေဟုဆို

921

ညောင်လေးပင်မြို့တွင် ခိုးမှုလုယက်မှုတွေများပြားလာသည့်တွက်ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေဟုဆို

ဇူလိုင်(၆) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့တွင်မကြာခဏဆိုသလိုမြို့တွင်းမြို့ပြင်များ၌ခိုးမှုလုယက်မှုများဖြစ်ပေါ်နေကြောင်းဒေသခံပြည်သူများထံမှသိရသည်။

ပြီးခဲ့တဲ့ဇူလိုင်၁ရက်ညပိုင်းကပြွန်တန်ဆာမြို့မှညဘက်အလုပ်လုပ်ပြီးပြန်လာတဲ့‌ ညောင်လေးပင်မြို့မှာနေထိုင်သည့်လူငယ်(၄)ဦးထံမှမြို့အဝင်အာလောကွေ့အနီးတွင်အမည်မသိလူတစ်စုမှဝိုင်းပြီးထိုးကျိတ်ကာလုယက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထို့အပြင်မြို့တွင်း၌လည်းမကြာခဏဆိုသလိုဘဏ်များတွင်ငွေလာထုတ်သည့်ခရီးသွားပြည်သူများ၏ဆိုင်ကယ်ဘောက်အတွင်းမှငွေများနှိုက်ကာခိုးယူခံရခြင်းလမ်းပေါ်၌ညဘက်လမ်းလျှောက်၍ဖုန်းပြောလာစဉ်ဆိုင်ကယ်ဖြင့်နောက်မှလိုက်ကာဖုန်းများလုယူထွက်ပြေးခြင်းများလည်းရှိကြောင်းဒေသခံပြည်သူများထံမှသိရသည်။

“လွန်ခဲ့တဲ့လပိုင်းလောက်ကလည်းပြွန်တန်ဆာမြို့မှ‌ညောင်လေးပင်မြို့သို့ဈေးအရောင်းဝယ်လုပ်နေသည့်ပြွန်တန်ဆာမြို့နေသူအမျိုးသမီး( ၂)ဦးကို၎င်း‌အာ‌လောကွေ့‌ အနီးလမ်းမ‌ပေါ်တွင်နံနက်၄နာရီဝန်းကျင်အချိန်ခန့်၎င်းတို့စီးနှင်းလာ‌သည့်ဆိုင်ကယ်အားတားဆီးကာ၎င်းတို့အားဓါးဖြင့်‌ထောက်၍ဆိုင်ကယ်နှင့်ပိုက်ဆံများလုယက်ခံခဲ့ရကြောင်းသိရသည်။

“ကျနော်တို့ညခင်းဘက်တွေမှာရဲတပ်ဖွဲ့ဝင်တွေနဲ့လှည့်ကင်းများလှည့်ကာစစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်နေပါတယ် တရားဥပဒေစိုးမိုးရေးနယ်မြေ‌ အေးချမ်းသာယာလုံခြုံစေရေးတွက်ပြည်သူတွေနဲ့အတူပူးပေါင်းဆောင်ရွက်နေပါတယ်လို့”ညောင်လေးပင်မြို့မရဲစခန်းမှူးဒုရဲမှူးဌေးဝင်းကပြောပါတယ်။

“ခုလိုမကြာခဏလုယက်ခံရတာ‌တွေကိုမြို့နယ်သက်ဆိုင်ရာတာဝန်ရှိသူတွေကတရားဥပဒေစိုးမိုးရေး နယ်မြေလုံခြုံအေးချမ်းသာယာရေးတွက်တရားခံများအားအမြန်ဆုံးဖော်ထုတ်ဖမ်းဆီးကာအရေးယူဆောင်ရွက်မှုများပြုလုပ်စေချင်ကြောင်း‌ဒေသခံပြည်သူများထံမှသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here