မိုးညှင်းမြို့နယ် ပင်လုံကျေးရွာနေ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား(၃၂၀)ပြားဖမ်းဆီးရမိ

81

မိုးညှင်းမြို့နယ် ပင်လုံကျေးရွာနေ အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား(၃၂၀)ပြားဖမ်းဆီးရမိ

မိုးညှင်း ဇူလိုင် (၆) AlinnMyay(အလင်းမြေ)

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာတွင်နေထိုင်သူတစ်ဦး၏နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ တာဝန်ရှိသူတို ့မှ ဝင်ရောက်ရှာဖွေစစ်ဆေးရာမှစိတ်ကြွးဆေးပြား(၃၂၀)ပြားတွေ ့ရှိရသဖြင့် ဥပဒေနှင့်အညီအရေးယူထားခဲ့ပေသည်။

ဖြစ်ပွါးပုံမှာ ဇူလိုင်လ(၅)ရက်နေ ့နံနက်(၈)နာရီခွဲအချိန်ခန် ့တွင် မိုးညှင်းမြို့နယ် မူးယစ်တပ်ဖွဲ ့စု(၃)မှ ရဲအုပ်မျိုးသက်ထွန်းသည်တက်ဖွဲ ့ဝင်များဖြစ်သောတပ်ကြပ်ကြီးဆန်းလင်းထွန်း တပ်ကြပ်ကြီးအောင်မျိုးထွန်းတို ့သည်ခရိုင်မှုခင်းနှိမ်နင်းရေးဋ္ဌာနစိတ်မှ ရဲအုပ်ထွန်းလှိုင် နှင့်ပူးပေါင်းကာ သက်သေများဖြစ်သော မြိုင်သာယာကျေးရွာအုပ်ချုပ်ရေးမှူးဦးသာစိုး ရာအိမ်မှူးဦးမြင့်မောင်တို ့နှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ပင်လုံကျေးရွာနေ တင်ထွန်းဦး(ခ)မောင်ကြီး၏နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ကြသည်။

တင်ထွန်းဦး(ခ)မောင်ကြီး အားနေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်းတွေ ့ရှိရသဖြင့် ရဲအုပ်မျိုးသက်ထွန်းနှင့်တပ်ဖွဲ ့ဝင်များမှ သက်သေများရှေ ့တွင်ရှာဖွေစစ်ဆေးကြရာတင်ထွန်းဦး(ခ)မောင်ကြီးဝတ်ဆင်ထားသောaamia စာတန်းပါ အဖြူရောင်အင်္ကျီလက်တို၏ယာဘက်အိပ်ကပ်ထဲမှ Signal တံဆိပ်ပါ အဖြူရောင်သွားတိုက်ဆေးဗူးအဖုံးအတွင်းမှ 88/1စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၂၀)ပြားနှင့် အပြာရောင်ကပ်ခွါအိတ်ထဲမှ 88/1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀)ပြားပါ(၁)ထုပ် စုစုပေါင်းစိတ်ကြွဆေးပြား(၃၂၀)ပြားတို ့အားတွေ ့ရှိရသဖြင့်ဥပဒေနှင့်အညီသိမ်းဆည်းကာ ရဲအုပ်မျိုးသက်ထွန်းမှတရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သည်။

ထို ့ကြောင့် တင်ထွန်းဦး(ခ)မောင်ကြီး(၃၉)နှစ်(ဘ)ဦးနက်ကျော်ကြီး ပင်လုံကျေးရွာ မိုးညှင်းမြို့နယ်နထိုင်သူအား မိုးညှင်းမြိ့ုမရဲစခန်းမှ မယ(ပ)၁၀၈/၂၀၂၀ ပုဒ်မ၁၉(က)ဖြင့်အမှုရေးဖွင့်ထားကြောင်းသိရှိရသည်။

မင်္ဂလာဦး – ဦးခင်မောင်ဦး #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here