ယာဉ်အောက်မှာ ဝင်အိပ်နေသူ ယာဉ်ထွက်ခွာစဉ် ကျိတ်မိသဖြင့်သေဆုံး

317

ယာဉ်အောက်မှာ ဝင်အိပ်နေသူ ယာဉ်ထွက်ခွာစဉ် ကျိတ်မိသဖြင့်သေဆုံး

ဇူလိုင်(၄) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီးပြွန်တန်ဆာမြို့ ရန်ကုန်-မန္တလေးကားလမ်းမိုင်တိုင်အမှတ် (၉၄/၁နှင့်၂)ကြား၊ ပြွန်တန်ဆာမြို့ မြို့မ(၁)ရပ်ကွက်၊ ဝင်းထက်ဆီဆိုင်အနီးတွင်၂၀၂ဝဇူလိုင်၄ရက်နံနက်ပိုင်းက လူတစ်ဦးယာဉ်ကြိတ်မိသဖြင့်သေဆုံးသွားကြောင်းသိရသည်။

သတင်းအရ တာဝန်မှူး ဒုရဲအုပ် မိုးမြင့်ရှိန်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ကျော်စိုးလွင် (၂၃)နှစ်(ယာဉ်မောင်း) ထိန်ကုန်းရပ်ကွက် ၊ ပြည်ကြီးတံခွန်မြို့နယ်နေသူတစ်ဦးတည်းမောင်းနှင်လာသော YGN-7D/—– Hino (၁၂)ဘီး၊ အနီရောင် ယာဉ်သည် ဇူလိုင်၃ရက်ညပိုင်းက ဝင်းထက်ဆီဆိုင်တွင် ဆီဖြည့်၍ယာဉ်ပေါ်တွင်အိပ်နေခဲ့ပြီးဇူလိုင်၄ရက်နံနက်ပိုင်းတွင် မန္တလေးဘက်သို့ယာဉ်အားပြန်လည်မောင်းနှင်ထွက်ခွာရာယာဉ်အောက်တွင် ဝင်ရောက်အိပ်နေသော အမည်၊(နေရပ်လိပ်စာ စုံစမ်းဆဲ)၊ စိတ်ရောဂါခံစားနေရသူ အမျိုးသားအားကြိတ်မိခဲ့ပြီး၎င်း အမျိုးသားတွင် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။

သို့ဖြစ်ပါ၍ယာဉ်မောင်းနှင်သူ ကျော်စိုးလွင်အားပြန်တန်ဆာနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၁၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

ကိုမျိုး(ညောင်လေးပင်) #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here