ဖားကန့်တွင် မြေပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများနှင့် ပတ်သက်ပြီး တပ်မတော်မှ သတင်းထုတ်ပြန်

829

ဖားကန့်တွင် မြေပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများနှင့် ပတ်သက်ပြီး တပ်မတော်မှ သတင်းထုတ်ပြန်

ဇူလိုင်(၂) AlinnMyay(အလင်းမြေ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက် မြေသားပြိုကျမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများနှင့် ပတ်သက်ပြီး တပ်မတော်မှ အခုလို သတင်းထုတ်ပြန်ခဲ့သည်။

(၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၃ ရက်) (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်)

၁။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက် မြေသားပြိုကျမှုကြောင့် ယနေ့ညနေ ၆ နာရီအထိ သေဆုံးသူ ၁၂၃ ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ပြီး ၎င်းနေရာ၌ တပ်မတော်သားများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

၂။ လူ့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည့် ၎င်းဖြစ်စဉ်အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် များစွာ ဝမ်းနည်း­စိတ်မကောင်းဖြစ်ရ ပါကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်အပ် ပါသည်။

သတင်း ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစာမျက်နှာ #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here