ဖားကန့်တွင် မြေပြိုကျမှုဖြစ်ပွားကာ ရေမဆေးသမား အများအပြား မြေပိသေဆုံးကာ ရုပ်အလောင်း (၅၀) တွေ့ရှိထား

795

ဖားကန့်တွင် မြေပြိုကျမှုဖြစ်ပွားကာ ရေမဆေးသမား အများအပြား မြေပိသေဆုံးကာ ရုပ်အလောင်း (၅၀) တွေ့ရှိထား

ဇူလိုင်(၂) AlinnMyay(အလင်းမြေ)

ဖားကန့်တွင် မြေပြိုကျမှုဖြစ်ပွားကာ ရေမဆေးသမား အများအပြား မြေပိသေဆုံးကာ ရုပ်အလောင်း (၅၀) တွေ့ရှိထားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန စာမျက်နှာတွင် ဖော်ပြထားကြောင်းတွေ့ရပါသည်။

၂.၇.၂၀၂၀ ရက်နေ့၊ ၀၈ ၀၀ ချိန် ၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ရေမဆေးသမားများ ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ

နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၀၉း ၃၀ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း(၃၅)လောင်းနှင့် ၁ဝး ၀၀ အချိန်တွင် ရုပ်အလောင်း(၁၅)လောင်း

စုစုပေါင်း သေဆုံးသူ(၅၀)ဦး၏ ရုပ်အလောင်းများအား ဆယ်ယူနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန စာမျက်နှာတွင် ဖော်ပြထားကြောင်းတွေ့ရပါသည်။

သတင်း ဓာတ်ပုံ – MFD #AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

LEAVE A REPLY

Please enter your comment!
Please enter your name here